သခင်လေး(part29)

508 17 0
                                    

ဇမ္ဗူထေ၀ါယာအကျဥ်းထောင်ဆီကိုထွက်လာတာမြင်တော့အစောင့်တစ်ချို့ကာဇမ္ဗူ့အားဦးညွတ်ကာနှုတ်ဆက်လေသည်။

''သခင်လေး''

''အင်း...''

ဇမ္ဗူဒီပါထောင်မှူးရှိရာအခန်းဆီသို့ထွက်လာခဲ့လေသည်။

ဇမ္ဗူရောက်လာတာကိုမြင်တော့ချက်ချင်းမတ်တပ်ရပ်အရိုအသေပေးနေတာကြောင့်ထိုင်လို့ပြောလိုက်လေသည်။

''သခင်လေးဘာအလိုရှိလို့ပါလဲ...''

ဇမ္ဗူ - ''ကျနော်မြတ်သော်တာကိုတွေ့ချင်တယ်သွားခေါ်လာခဲ့ပေးပါ...''

''ဟုတ်ကဲ့သခင်လေး...''

ထောင်မှူးထွက်သွားတော့ဇမ္ဗူဆိုဖာမှာပင်ဖုန်းသုံးနေခဲ့လေသည်။

ခနနေတော့ထောင်မှူးနဲ့အတူမြတ်သော်တာပါလာခဲ့လေသည်။

မြတ်သော်တာ - ''ဟိုး..သခင်လေးဇမ္ဗူဒီပါမြတ်ကိုတွေ့ချင်တာဆိုတော့တော်တော်လေးကိုလွမ်းနေတာလားဒီအထိတကူးတကကြီးဆိုတော့မြတ်ပျော်မိသားဟဟ...''

မြတ်သော်တာစောင်းတလိုလိုရွဲ့တလိုလိုပြောလာတော့ဇမ္ဗူစိတ်ပျက်စွာပင်သူမအား''မင်းကိုလာတွေ့တာအကြောင်းရှိလို့..ထောင်မှူးခဗျားသွားလို့ပြီး...''

ထောင်မှူးကိုအခန်းပြင်သို့ပထုတ်ပြီးမြတ်သော်တာနဲ့၂ယောက်တည်းစကားပြောရန်တံခါးကိုဂျက်ချလိုက်လေသည်။

မြတ်သော်တာဇမ္ဗူတံခါးဂျက်ချတာမြင်ပြီး''သခင်လေးတံခါးတွေပါဂျက်ချလို့ပါလားအကြောင်းရှိလို့ဆိုတာ''ဆိုပြီးတော့ဇမ္ဗူဆီကိုတစ်လှမ်းချင်းလျှောက်လာပြီးဇမ္ဗူရင်ဘတ်နေရာကိုအကျီအပေါ်ကနေလက်နဲ့ညင်သာစွာပွတ်သပ်ကာသူမနမ်းဖို့ဟန်ပြင်လိုက်လေသည်။

ဇမ္ဗူသူမအကြောင်းကိုသိနေတာကြောင့်သူမလက်တွေကိုဖယ်ထုတ်ကာ''ငါမင်းကိုအကြောင်းရှိတယ်ပြောတာဒီကိစ္စမဟုတ်ဘူး..မင်းငါနဲ့တစ်နေရာကိုလိုက်ခဲ့ပေးရမယ်...''

မြတ်သော်တာက''ကျမကအပေးအယူသမားတစ်ယောက်နော်...ကျမကူညီနိုင်ပေမယ့်ရှင့်ဘက်ကကျမအလိုကျလုပ်ပေးနိုင်မှရှင်ပြောတာကိုကျမလက်ခံနိုင်မယ်...''

သခင်လေး🚨🚨🚨 (or) တွယ်တာရစ်ဖွဲ့တတ်သောချစ်နှောင်ကြိုး🚨🚨🚨Where stories live. Discover now