သခင်လေး(part21)

426 18 0
                                    

လွန်ခဲ့သော၂ရက်>>>>>

မင်းခမ်းနား - ''အဲကောင်နှင်းသစ္စာအကြောင်းမပြောမချင်းထိုးကြစမ်း!!!''

''ဟုတ်ကဲ့ဆရာ..''

ဇမ္ဗူ - ''နှင်းသစ္စာအကြောင်းမင်းသိချင်နေရအောင်မင်းနဲ့သူနဲ့ဘာမှမပတ်သက်ဘူးခွေးသားရ....''

ခွပ်!!!

ခွပ်!!!

မင်းခမ်းနား - ''နှင်းသစ္စာကိုဘာလို့သတ်လိုက်တာလဲမင်းပြောစမ်း!!!''

ဇမ္ဗူ - ''မင်းသိစရာမလိုဘူး!!!''

သံကြိုးတွေနဲ့ချည်နှောင်ပြီး၀ိုင်းထိုးကြသောကြောင့်ဇမ္ဗူဒီပါမင်းခမ်းနားကိုအတော်လေးဒေါသထွက်ကာပြေးထိုးချင်စိတ်တွေတဖွားဖွားဖြစ်နေခဲ့သည်။

မင်းခမ်းနား - ''မင်းငါ့ကိုထိုးချင်လို့လားလာထိုးလေ...လာလေ..ဟားဟား...''

မင်းခမ်းနားအော်ရယ်နေချိန်မှာတံခါးကို၀ုန်း!!!ဆိုပြီးဖောက်ကာ၀င်ရောက်လာသောထေ၀ါယာစံအိမ်ကကိုယ်ရံတော်တပ်ဖွဲ့များနဲ့ဖီထရာစံအိမ်ကကိုယ်ရံတော်တိို့နဲ့အတူမင်းနေမဟာပါရောက်လာခဲ့သည်။

နေမဟာ - ''ဘယ်လိုလဲမင်းခမ်းနားမင်းကပုန်းတာတော်လှပြီးငါထင်ထားတာတကယ်တော့မင်းကငတုံးဘဲ..အဲကောင်တွေကိုဖမ်းလိုက်ကြစမ်း!!!..''

''ဟုတ်ကဲ့သခင်လေး''

မင်းခမ်းနား - ''မင်းတို့တွေဘယ်လိုလုပ်ဒီရောက်လာတာလဲ...ငါ့အနားမလာနဲ့မဟုတ်ရင်ငါ့သူ့ကိုသတ်ပစ်မှာနော်ထွက်သွားကြ..''

ဇမ္ဗူဒီပါအနားကိုပြေးသွားပြီးနားထင်ကိုသေနတ်နဲ့ချိန်ထားကာနေမဟာတို့အဖွဲ့အားထွက်သွားဖို့ပြောနေလေသည်။

နေမဟာ - ''မင်းစိတ်ကိုလျော့ထားခမ်းနား....ငါတို့ဆွေးနွေးလို့ရတယ်...သေနတ်ကိုချလိုက်နော်...''

မင်းခမ်းနားပုံစံမှာအရူးတစ်ယောက်လိုဆောက်တည်ရာမရဖြစ်နေလေသည်။ဇမ္ဗူ့နားထင်က်ုချိန်ထားသောသေနတ်ကိုသာနေမဟာတို့အကြည့်ရောက်နေရသည်။အခွင့်ကောင်းရသည်နှင့်ထိုသေနတ်မင်းခမ်းနားလက်ထဲမှရအောင်ယူမည်ဟုဆုံးဖြတ်ထားလေသည်။

သခင်လေး🚨🚨🚨 (or) တွယ်တာရစ်ဖွဲ့တတ်သောချစ်နှောင်ကြိုး🚨🚨🚨Where stories live. Discover now