သခင်လေး (part22)

413 21 0
                                    

ဆေးရုံရဲ့vvipအခန်းထဲတွင်ကောင်မလေးတစ်ယောက်ကုတင်ပေါ်တွင်လဲလျောင်းနေသောကောင်မလေးရဲ့လက်ကိုကိုင်ကာရှိုက်ကြီးတငင်ငိုကြွေးနေလေသည်။

မြနှင်း - ''အင့်..ဟင့်...ဟင့်...ဟင့်..မြနှင်းကိုအခုလိုမျှော်လင့်ချက်တွေပေးပြီးထားခဲ့တော့မလို့လားသခင်မလေးရယ်...မြန်မြန်နိုးထလာပါတော့..မြနှင်းသခင်မလေးကိုချစ်တယ်လို့ပြောချင်သေးတယ်...''

မြနှင်းသခင်မလေးလက်ကိုဖွဖွလေးဆုတ်ကိုင်ကာပြောနေမိသည်။သို့သော်ကုတင်ထက်တွင်လဲလျောင်းနေသောမြနှင်းသိပ်ချစ်ရတဲ့လူသားကတော့မြနှင်းစကားများကိုမသိချင်ဟန်ဆောင်နေသည့်အလားတုန့်တုန့်မျှမလှုပ်ပေ။

မြနှင်းချစ်ရသူရဲ့နဖူးပြင်လေးကိုဖွဖွလေးလှမ်းနမ်းကာသူ့ရင်ခွင်ထက်ခေါင်းလေးမှီရင်း''မြနှင်းသခင်မလေးကိုသိပ်ချစ်တယ်''

အခန်းပြင်ဘက်မှာတော့သက်တော်စောင့်မင်းညဟာမြနှင်းရဲ့အဖြစ်ကိုမြင်ပြီးသူမြနှင်းအပေါ်ထားရှိတဲ့မေတ္တာတွေကိုသူထုတ်မပြောတော့ဘူးဆုံးဖြတ်လိုက်လေသည်။''ကိုမင်းကိုအ၀ေးကနေဘဲချစ်နေပါတော့မယ်မြနှင်းရယ်...''

ဇမ္ဗူဒီပါလဲသူ့ကြောင့်တိမ်လွှာအခုလိုဖြစ်ရတာဟုကိုယ့်ကိုကိုယ်အပြစ်နေခဲ့သည်။နေမဟာနဲ့အတူတိမ်လွှာ့ကိုသွားကြည့်တိုင်းအမြဲတမ်းငိုနေတဲ့မြနှင်းသဘင်ကိုသူတို့တွေ့မြင်နေရတာကြောင့်ပိုပြီးစိတ်မကောင်းဖြစ်မိသည်။

''တိမ်လွှာငါနင်တို့ချစ်ခြင်းကိုခွဲမိနေပြီးလား...မြနှင်းသဘင်နင်နိုးလာတဲ့အချိန်ကိုစောင့်နေရင်းအချိန်တိုင်းမျက်ရည်တွေကျနေခဲ့ရတယ်...ငါတောင်းဆိုပါတယ်skyရယ်နင်အမြန်နိုးထလာပါတော့ကွာ...''

နေမဟာ မြနှင်းအားနှစ်သိမ့်ပေးသည့်အနေဖြင့်ပုခုံးလေးပုတ်ကာ''ညီမလေးတိမ်လွှာကပျော့ညံ့သူတစ်ယောက်မဟုတ်ပါဘူးသူသေချာပေါက်ညီမလေးဆီပြန်လာမှာပါ..ညီမလေးငိုနေရတာပင်ပန်းနေပါပြီးညီမလေးပြန်နားလိုက်နော်အကိုတို့တိမ်လွှာ့ကိုစောင့်ရှောက်ပေးပါ့မယ်...''

မြနှင်းခေါင်းကိုတွင်တွင်ခါရမ်းရင်း''ဟအင်းမြနှင်းအဆင်ပြေတယ်သခင်လေးတို့..သခင်မလေးနိုးလာရင်အရင်ဆုံးမြနှင်းကိုဘဲမြင်တွေ့စေချင်တယ်...မြနှင်းသခင်မလေးအနားမှာဘဲနေပါရစေသခင်လေးမြနှင်းမသွားပါရစေနဲ့....''

သခင်လေး🚨🚨🚨 (or) တွယ်တာရစ်ဖွဲ့တတ်သောချစ်နှောင်ကြိုး🚨🚨🚨Where stories live. Discover now