သခင်လေး(part19)

436 20 0
                                    

ဇမ္ဗူဒဏ္ဍာရီအားပွေ့ချီကာပါတီပွဲမှထွက်လာတော့ထိုအချိန်ကိုအခွင့်ကောင်းစောင့်နေသောမင်းခမ်းနားတပည့်တွေမှာဇမ္ဗူအားအလစ်တိုက်ခိုက်တော့သည်။

မင်းခမ်းနား - ''ဟယ်လိုလွင်ပြင်..မင်းသူကိုပါငါတို့ဖမ်းခေါ်လာခဲ့ရမလား...''

လွင်ပြင် - ''မလိုဘူးခမ်းနားငါဒဏ္ဍာရီကိုဘဲလိုချင်တယ်မင်းရအောင်ဖမ်းလာခဲ့...ဒါဘဲ...''

ခမ်းနား...လွင်ပြင်ဖုန်းချသွားတာကြောင့်ဖုန်းကိုပိတ်လိုက်ကာဇမ္ဗူဒီပါတို့ရှိရာလာပြီးဇမ္ဗူမသိလိုက်ခင်အချိန်မှာပင်အနောက်ကနေဇက်ပိုးကိုအုပ်ချလိုက်လေသည်။

ဒုတ်!!!

မေ့လဲသွားသောဇမ္ဗူကိုယ်ကိုမင်းခမ်းနားပွေ့သယ်လိုက်ပြီး''အဲမိန်းကလေးကိုမထိခိုက်စေနဲ့ခေါ်လာခဲ့ကြ!!!''

''ဟုတ်ကဲ့ဆရာ''မင်းခမ်းနားတို့အဖွဲ့တွေလည်းလိုချင်တာရပြီးဆိုတော့ထိုနေရာမှထွက်လာခဲ့တော့သည်။

နေမဟာတို့ထွက်လာချိန်မှာတော့မင်းခမ်းနားတို့အဖွဲ့တွေဟာဇမ္ဗူဒီပါတို့အားဖမ်းခေါ်သွားကြလေသည်။

နေမဟာ - ''တောက်!!!!မင်းခမ်းနား..မင်းတို့ဒီနိုင်ငံအနှံ့အဲကောင်ကိုတွေ့အောင်ရှာကြစမ်း..''

''ဟုတ်ကဲ့သခင်လေး...''

မင်းနေမဟာရဲ့ကိုယ်ရံတော်အဖွဲ့မှာမင်းခမ်းနားတို့အားရှာဖွေရန်ကားများနဲ့ထွက်လာခဲ့လေသည်။

...........

၄ရက်ခန့်ကြာသော်

မင်းနေမဟာဆိုသည်မှာမြန်မာနိုင်ငံရဲ့ဒုတိယအချမ်းသာဆုံးဖီထရာစံအိမ်ရဲ့ဒုတိယသခင်လေးဖြစ်ပြီးစီးပွားရေးလောကတွင်ဘုရင်တစ်ဆုဟုကျော်ကြားလေသည်။ပြည်ပနိုင်ငံများတွင်ကိုယ်ပိုင်စီးပွားရေးအများပြားရှိလေသည်။အကိုဖြစ်သူမင်းနေမဟော်ကတော့ဖီထရာစံအိမ်ကြီးရဲ့သခင်ကြီးအရာကိုဆက်ခံပြီးမြန်မာပြည်ကလုပ်ငန်းများကိုသာဦးဆောင်လုပ်ကိုင်ပေးလေသည်။မင်းနေမဟာနဲ့ဇမ္ဗူဒီပါတို့ဟာကျောင်းနေဖက်များဖြစ်ကြသည့်အပြင်အချစ်ဆုံးငယ်သူငယ်ချင်းများလည်းဖြစ်ကြလေသည်။

သခင်လေး🚨🚨🚨 (or) တွယ်တာရစ်ဖွဲ့တတ်သောချစ်နှောင်ကြိုး🚨🚨🚨Where stories live. Discover now