ဝေးနေရရင်တောင် လမင်းအပေါ်ထားတဲ့ မောင့်အချစ်က သံသယဖြစ်ဖွယ် မရှိခဲ့ပါ။

~~~~~~


Ring..

လမင်း ဘော်ဒါဆောင်မှ စစ်ဆေးသော စာမေးပွဲ အဖြေလွှာများအား စစ်ဆေးနေစဉ် မက်ဆေ့ခ်ျဝင်သံနှင့်
တစ်ပြိုင်နက်တည်း လင်းလာသော ဖုန်းမျက်နှာပြင်ကြောင့် ကြည့်လိုက်ရာ မောင့်ဆီက ပို့လာတဲ့ စာတို ။

.." Happy 5years anniversaryပါ မောင့်လမင်း " 

မောင်ပို့လာတဲ့စာတိုအား ဖတ်ပြီး စိတ်လိုလက်ရ ပြုံးမိသည်။
ထို့နောက် မောင့်ဆီ စာတို ပြန်ပို့လိုက်၏။


.." ဟုတ်    5years anniversary ပါ
           မောင် မအိပ်သေးဘူးလား "


" မနက်ဖြန် ပိတ်ရက်လေ မောင့်လမင်းရဲ့  "


"  အင်းပါ ... ညနက်ပြီး အိပ်တော့လေ "

" ကိုထွန်းလမင်းသာ တို့က လူကို အတင်းအိပ်ခိုင်းနေတာပဲ
         တခြား ဘာမှ မပြောတတ်တော့ဘူးလား "


"   ပြောတတ်တာ ပြောကြေးဆိုရင် မောင့်ကိုချစ်တယ်၊
         လွမ်းတယ်၊ သတိရတယ် ၊ တွေ့ချင်တယ်  ဒါပဲ ပြောချင်တာ "

လမင်း ပို့လိုက်တဲ့ စာသည်  မောင်ဖတ်ပြီးကြောင်း ပြပေမယ့်
မောင့်ဆီက ပြန်စာ မလာ။ ထိုအစား video callခေါ်လာသောကြောင့်  လမင်း ပြုံးကာ ချက်ချင်းကိုင်လိုက်သည်နှင့် screen ပေါ်၌ ပေါ်လာသော
မောင့် မျက်နှာချောချောအား အတန်ကြာသည်အထိ စကားတစ်ခွန်းမှ မဆိုပဲ ငေးကြည့်နေမိသည်။

အထက်တန်းကျောင်းသားဘဝတုန်းက မြင်နေကြ မောင့်ဆံပင်ဟာ
မည်းနက်နေခဲ့ပြီး အမြဲလိုလို တိုကပ်ကပ်ညှပ်ထားတတ်၏။
စတွေ့ခါစ မောင် ၈တန်းကျောင်းသားအရွယ်ကဆို 2cmတောင် မပြည့်ချင်တဲ့ ကတုံးပေါက်ကေ နဲ့မို့  မောင့်ပုံစံဟာ ဂျစ်တီးဂျစ်ကန်။

၁၈နှစ်ပြည့်ပြီးပြီ ဖြစ်သော မောင့်ပုံစံသည် တွဲလာသည့် နှစ်တွေအတွင်း တစ်စတစ်စ ပြောင်းလဲလာခဲ့ပြီး နဂို ရှည်သည့်အရပ်က ၆ပေစွန်းစွန်း အထိ ရှည်လာခဲ့သလို
ကျန်းမာရေးအတွက် အားကစားလိုက်စားသော မောင့် ခန္ဓာကိုယ်ဟာဖြင့် ကျယ်ပြန့်သော ကျောပြင်၊ရင်အုပ်ကျယ်ကျယ်နှင့်
ခပ်တောင့်တောင့် ဖြစ်လာကာ အရင်က ခပ်တိုတိုဆံပင်တို့ဟာ
ဘေးကိုသာ ကပ်၍ ပါးကာ အလယ်ခွဲ၍ခပ်အုပ်အုပ်ပုံစံဖြစ်အောင်
ပုံသွင်းထားပြီး ငွေမှင်ရောင်ကို ပါးပါးလေး ဆိုးထားပုံမှာ
မောင့်ရဲ့ မဖြူမညိုသော အသားအရေနှင့် ပနံသင့်နေတာမို့

ချစ်ချင်လို့ ချစ်တာ ( Complete)Wo Geschichten leben. Entdecke jetzt