နောက်တစ်ယောက်က နင့်ficက မုဆိုးမလေး မဂင်္ဂါထပ် ဆိုးနေပြီ စာအုပ်ထုတ်ရင် ဘယ်လိုလုပ်မှာလဲ ပြောလာပါတယ်😅
စာအုပ်ထုတ်ဖြစ်ဖို့ ရည်ရွယ်ပြီး ရေးခဲ့တာမဟုတ်တာမို့
အပိုင်းတွေက 50ကျော်ပြီး မနည်းမနော ဖြစ်နေမှာ အသေအချာပါပဲရှင်။ completeသွားရင်တောင် စိတ်ကူးပေါက်တိုင်း extraတွေ လာလာရေးတင်ဖြစ်မှာမို့ ဒီficနဲ့ ပတ်သတ်ပြီး စာအုပ်ကိစ္စက လုံးဝကို Noပါရှင်။ ပုံ့ ဖန်တီးမှုလေးတွေက စာအုပ်ဆိုတဲ့စကားလုံးအောက်ရောက်ဖို့ အရည်အသွေးတွေ အများကြီးနဲ့ လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။

...................


Relationshipတစ်ခုမှာ နာကျင်ခြင်း၊ လွမ်းဆွေးခြင်းနတ္ထိ သာဆိုရင် ဒါဟာ စစ်မှန်တဲ့ ချစ်ခြင်း ဖြစ်နိုင်ပါ့မလား။

ချစ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခေါင်းစဉ်ခွဲတွေ အများကြီး ရှိတယ်တဲ့ ။

ချစ်မိပြီ ဆိုရင် သဝန်တိုတတ်လာမယ်၊ စိတ်ဆိုးတတ်လာမယ်၊
စိတ်ကောက်တတ်လာမယ် ၊ သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ
စကားများတာမျိုး ဖြစ်တတ်လာမယ်တဲ့။

မောင်နဲ့ တွဲလာတဲ့ နှစ်တွေအတွင်းမှာ လမင်းဘက်က မောင့်အပေါ်
မသိမသာရော၊ သိသိသာသာပါ ဆိုးပြခဲ့တာတွေ ရှိတာပေါ့။
မောင့်ဘက်က သဝန်တိုသလို လမင်းဘက်ကလည်း သဝန်တိုတာတွေ ရှိခဲ့ဖူးသလို ၊ သဘောထားချင်း မတိုက်ဆိုင်တဲ့ အခိုက်အတန့်တွေမှာ မောင်နဲ့ စကားများပြီး အဆက်အသွယ် ဖြတ်ခဲ့တဲ့ ရက်လေးတွေလည်း ရှိခဲ့ဖူးတယ်။
ဒီလို ကိစ္စတွေ ဖြစ်လာတိုင်း ပြေလည်ချိန်တန် ပြေလည်ဖို့ မောင့်ဘက်က အရင် အလျော့ပေးခဲ့တာတွေ ချည်းပါပဲ။

ဒေါသကြီးပြီး ပေါက်ကွဲလွယ်တတ်တဲ့ မောင်ဟာ လမင်းကြောင့်ပဲ
စိတ်ရှည် သည်းခံတတ်နေပြီ။

တစ်နှစ်ငယ်တဲ့ မောင့်အပေါ် ဆိုးချင်တိုင်းဆိုးတာ မောင် ချစ်မှန်းသိလို့ ဆိုသလို မောင့်ကို ချစ်လို့ပဲ ဆိုးမိတာ။

ဒါဟာ မောင်နဲ့လမင်းကြားကရော ချစ်တတ်သူတွေ ကြားမှာပါ ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းအောက်က ခေါင်းစဉ်ခွဲ တွေ ပါပဲ။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now