"ဟမ် ဘယ်လိုဖြစ်တာလဲဘယ်ဆေးရုံမှာလဲငါခုလိုက်သွားလိုက်မယ် အရမ်းစိုးရိမ်ရလား"

"ပြောတာ ခဏလေးနားထောင်ပါကွာ"

"မြန်မြန်ပြော အဲ့ဒါဆို"

"အရမ်းကြီးမစိုးရိမ်ရဘူး မနက်ကျမှကိုယ်လာခေါ်ပြီးတော့ ဆေးရုံအတူတူသွားမယ်"

"အဲ့ဒါဆိုလည်းပြီးရော မနက်စောစောသွားမယ် ငါTae Hyungဆီဖုန်းဆက်ပြီးမေးလိုက်အုံးမယ်"

"ဟမ် မဖြစ်ဘူး"

"ဘာလို့မဖြစ်တာလဲ သူဘယ်လိုနေသေးလဲဆိုတာသိရမှ စိတ်အေးမှာဖုန်းဆက်လိုက်မယ်"

"အိပ်နေပြီ သူကအိပ်ပျော်နေပြီတဲ့ အဲ့ဒါကြောင့်အိပ်ရေးပျက်သွားမှာစိုးလို့"

"တကယ် စိတ်ချရတာရောဟုတ်ရဲ့လား"

"စိတ်မပူနဲ့ သူလုံးဝအဆင်ပြေတယ်"

"အင်း ပြီးရော"

"မနက်ကျရင်လာခေါ်ပေးမှာမို့ အဆင်သင့်ပြင်ထားနော်"

"သိပြီ"

"ပြန်ချစ်ပေးမဲ့အကြောင်းလေးစဥ်းစားဖို့လည်း မမေ့နဲ့နော်"

"ဒါပဲ"

မသိချင်ယောင်ဆောင်ပြီး စကားလမ်းကြောင်းလွှဲတာလေးကိုက Park Jiminတို့ကသိပ်ချစ်စရာ။

Tae Hyungဆီဖုန်းလှမ်းဆက်ပြီး အခြေအနေမေးလိုက်ရင် အလကားနေရင်း သူ့ကိုဆေးရုံပို့တယ်ဆိုပြီး မေတ္တာတွေအတုံးလိုက်ပို့ခံရမှာသိနေတာမို့....။
ကူညီပေးတယ်လို့ပဲ သဘောထားလိုက်ပါသူငယ်ချင်းလေးရေ...။
မနက်ဖြန်ကိစ္စက မနက်ဖြန်မှရှင်းတော့မည်။
Kim Tae Hyungဆီက အထောင်းခံရမဲ့ကိစ္စကိုလည်းကြိုတွေးရင်းနှင့်ပင် ။

ပြောင်းလဲသွားတဲ့အခြေအနေတွေက ရုတ်တရက်မို့ Jimin ကိုယ်တိုင်တောင်လိုက်လို့မမှီသေး။
Jeon Jung Kook က လူကိုနှလုံးရောဂါရအောင် စကားတတ်တိုင်းကို လျှောက်ပြောနေတော့တာ...
မေမေ့ဆီက နှလုံးငြိမ်အောင် ဆေးပါ တောင်းသောက်ရမဲ့အဖြစ်။

ကျောင်းကပြန်လာတဲ့အထိတောင် Tae Hyungကနေကောင်းသေးတာမို့ ဘာလို့များဆေးရုံအထိတက်လိုက်ရတာလဲဆိုတဲ့ စိတ်ပူတဲ့အတွေးတွေပေါင်းစုံနှင့်အိပ်ပျော်ဖို့ကြိုးစားလိုက်ရသည်။
________________

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Où les histoires vivent. Découvrez maintenant