အစကတည်းက မိမိကပဲ တစ်ဖက်သတ်ဖြစ်နေခဲ့တာလား

ရစ် ကသာ ညီအစ်ကိုလို ဂရုစိုက်မှုတွေကို ထင်ယောင်ထင်မှားဖြစ်ခဲ့တာလား

ဘယ်လိုတွေးတွေး ကိုကြီးရဲ့ အပြုအမူတွေထဲ
ညီအစ်ကိုလို့ ပုံဖော်မရခဲ့တာ ရစ်ကပဲ လိုချင်စိတ်တွေ ပြင်းပြနေခဲ့လို့လား

အတွေးတွေဖြင့် ချာချာလည်ရင်း ဘယ်ဆီရောက်နေမှန်းမသိသည့် ခြေအစုံဟာ ဒူးညွတ်ကျသွားခိုက်

နွေးထွေးတဲ့ ရင်ခွင်၏ထွေးပွေ့ခြင်းအသိကို နောက်ဆုံးသိလိုက်ရပြီး ရစ် ကမ္ဘာဟာ အမှောင်ကျသွားခဲ့တော့၏။

∆∆∆∆∆∆∆

Flash back

မိုးသည်းသည်းထဲ မျက်ရည်သည်းသည်းဖြင့် နှလုံးသားဟာ ပေါက်ကွဲမတတ်

ဘယ်လိုပုံစံနှင့် အိမ်ပြန်ရောက်လာမှန်းလဲ ရစ် မသိတော့

ကားကို အဆင်ပြေသလို ထိုးရပ်ခဲ့ပြီး အခန်းဆီ ပြေးတက်ခဲ့မိတယ်

တကယ်ဆို ရစ်နဲ့ ကိုကြီးဟာ ဘာဆိုင်သေးလို့လဲ

ရစ်ကသာ တစ်ဖက်သတ်ချစ်နေခဲ့ရတာမဟုတ်လား

သို့ပေမယ့် ဘာမှမသက်ဆိုင်ဘဲ နမ်းလို့ရတတ်သလား

ကိုကြီးဆီက မွတ်သိပ်တဲ့ အနမ်းတွေဟာ ဘယ်လို
အခြေအနေကို ဗဟိုရ်ပြုနေခဲ့လဲ ရစ် သိချင်မိတယ်

နူးညံ့လိုက် အေးစက်လိုက် ဆိုသော်လည်း ရစ် နှလုံးသားထဲ အမြဲ နွေးထွေးစေသော စကားတွေကို ခံစားမိရင်း ကိုကြီးဆီက ဂရုစိုက်မှု‌တွေဟာ
ရစ်အတွက် တစ်မျိုးတဖုံတော့ ဆန်းပြားနေခဲ့တာပါ

အခု မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ထိုအရာတွေ
ကို ဖျက်ဆီးလိုက်သလားပဲ

ထိုစဉ် ရစ် ဖုန်းကတောက်လျှောက် မြည်နေတာကိုလည်း ရစ် သတိမထားမိနိုင်

အငိုတွေနဲ့ ပြန်လာပြီး အခန်းထဲ အသဲအသန်ငိုကြွေးနေတာကို ဖခင်ဖြစ်သူက စိုက်ကြည့်နေတာကိုလည်း ရစ်မသိခဲ့

" အန်ကယ်လ် "

" ဟော...သားဂုဏ် !
သားတို့ ညီအစ်ကို ဘာဖြစ်ကြလို့လဲ !
သား ရစ်လေးက ငိုနေတာ အရမ်းပဲ ကွာ "

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Where stories live. Discover now