စိုင်းကတော့  ခေါက်ဆွဲကို စားလို့ရသည့်အနေအထား ခပ်နွေးနွေးဖြစ်အောင် လုပ်ပေးနေရင်း ငြိမ်နေသည့် ရစ်ကိုလည်း အကဲခတ်နေသေးတာ

" ငရစ်...လာ ခေါက်ဆွဲစားရအောင် !
  မင်း စားချင်တယ် ဂျီကျလို့သာ ငါ လုပ်ပေးရတာ
  ကိုကြီးက မင်းကို ဆန်ပြုတ်ပဲတိုက်ခိုင်းတာ ဟ "

" ဟွင့်...မမာသည်ဆန်ပြုတ်ကြီး မသောက်ချင်
  ပါဘူးကွာ "

" တစ်ခုခုဆို ...ငါ မပါဘူးနော် !
  မင်းရဲ့ ဦးရှကို ငါလည်း ကြောက်တယ် "

" ဘာမှမဖြစ်ဘူး ... တိုက်တော့ "

" အေးပါကွာ...ငါက ဆေးလူးပေးဖို့တင်မကဘဲ
  စားချင်တာ လုပ်ပေးပြီး ပါးစပ်ထဲအရောက်ကို
  ခွံ့တိုက်ရဖို့ တာဝန်ပါ ရထားတာပေါ့ "

" မလုပ်ပေးချင်ဘူးလား "

" မပြောမိပါဘူးဗျာ...ငါ့ ယောက်ဖလေးကို "

" ဟေ့ရောင် "

" အာ...ဘွာတေး ဘွာတေး "

အန်ကယ်လ် ဝင်လာတာနှင့်တိုးပြီး ကြားမှာစိုး၍ မျက်လုံးပြူးလေးဖြင့် တားနေပါသော ရစ်ကို စိုင်း
သနားလည်း သနား မိတယ်

အဲ့လိုကြောက်နေရင် ရှေ့ ဘယ်လို ဆက်မလဲ ရစ်ရယ်

မေမေတို့ ဆီက ကြားမိထားသလိုဆို အန်ကယ်လ်
က ကိုကြီး နှင့် ရစ်လေးသာ တကယ်တွဲမိပြီဆို ဘယ်နည်းနဲ့မှ လက်ခံပေးဖို့ မသေချာ

ဟူးးးးးး ငါ ရင်မောတယ် ရစ်ရယ်

" တော်ပြီ ...တော်ပြီလို့ "

" အာ...အေးပါကွာ "

တော်ပါပြီဆိုမှ ထပ်ခွံ့နေသေးသည့် စိုင်းကို စိတ်မရှည်သလို ငြူစူတာကလည်း ချစ်ဖို့ကောင်းနေပြန်တယ်

ငါ့ အစ်ကိုက မချစ်တာလား မချစ်သေးတာလား
ဣန္ဒြေဆည်နေတာလား ဘာလား ညာလား ပဲ

" ဟေ့ရောင်...ငစိုင်း "

" အမ်...ဘာ ဘာလဲ ဘာပြောလိုက်တာလဲ "

" ငလူးးး ဘာစိတ်ကူးယဉ်နေမှန်း မသိ "

ငါ စိတ်ကူးယဉ်နေတာ ငါ့အစ်ကိုနဲ့ မင်း ညားဖို့

" မယဉ်ပါဘူးကွာ...ဆေးသောက်ရအောင် "

" အင်းးးး ဟ တစ်လုံးချင်းပေးလေကွာ !
  အကုန်လုံး ငါ မမြိုချတတ်ဘူးလေ သေမှာပေါ့ "

💘ရင်ကိုခွင်းတဲ့သူ့အချစ်မြှား💘Où les histoires vivent. Découvrez maintenant