EP - 1

5.8K 255 11
                                    

Unicode

[ ZhanYi နော် ဖတ်ပြီးမှ ဆိမ့်သဝါးတာပဲဟယ် ဆိုပြီး
မလုပ်ကြနဲ့နော် ဝူရှူးဝါးရှားတွေ ဖြစ်ကုန်မယ် အစကတည်းက Tagလေးကို သေချာFuckပေးကြ ]

///

မြေအောက်က နီတာရဲအသီးလေးကို ကောက်ငုံလိုက်ပြီး ဝါးစားလိုက်သည် ။ ဝမ်ရိပေါ် မျက်နှာရှုံမဲ့သွားကာ

" ထွီ ချဉ်လိုက်တာ !! "

အနောက်ကနေ ကျန့်ကောရဲ့အံ့ကြိတ်သံလည်း ကြားလိုက်ရသေးသည် ။ ဝမ်ရိပေါ် သွားများပေါ်အောင်ရယ်ပြလိုက်ကာ

" ဝမ်ရိပေါ် .....!! "

" ဟိဟိ ကျန့်ကော ... "

" မင်းလုပ်တာနဲ့ ငါစတော်ဘယ်ရီသီးခြံလည်း ကွင်းလုံးကျွတ်တော့မယ် "

" အိုက်ယား ကျွန်တော်တို့က လင်မယားတွေပဲလေ ကပ်စေးနည်းမနေပါနဲ့ .... "

" ကပ်‌ေစးနည်းတာမဟုတ်ဘူးကွ မခူးတတ်ပဲ အချဉ်သီးတွေ လိုက်ခူးစားနေတာ ဟိုမှာ တစ်ပင်လည်း ပြောင်သွားပြီ "

" ဟွန့် "

ရှောင်းကျန့်နဲ့ဝမ်ရိပေါ်က လက်ထပ်ထားတယ်ဆိုပေမယ့် အပေါ်ယံသာသာပဲဖြစ်သည် ။ ရှောင်းကျန့်ကတော့ သူကို မချစ် ။ သူကတော့ ချစ်တယ် ။ ရှက်လို့ ဖွင့်မပြောရဲဘူး ။ ဖွင့်ပြောရင် ရှောင်းကျန့်က သူကို လှောင်မှာ သေချာပေါက် ။

ဒီခြံက အရင်က ဝမ်မျိုးရိုးပိုင်ခဲ့တာဆိုပေမယ့် တစ်နေ့ကျ ရှောင်းမျိုးရိုးက ‌အကြွေးတွေနဲ့ လာသိမ်းသွားသည် ။ အဲ့ဒါ ဝမ်ရိပေါ်ရဲ့မားမား မကောင်းတာ ။ ဝမ်ရိပေါ်မားမားက ပါးပါးနဲ့ကွဲသွားတော့ ပါးက နောက်မိန်းမယူသွားသည် ။ ဝမ်ရိပေါ်ကိုတောင် တစ်ချက်တစ်လေ လာမကြည့်ခဲ့ ။ ဝမ်ရိပေါ်ကလည်း သူပါးကို ရှိသည်ဟု မသတ်မှတ်ခဲ့ ။ ဝမ်မားကလည်း တစ်နေ့ပြီးတစ်နေ့ လောင်းကစားဘက်ကို စိတ်ရောက်သွားပြီး ဝမ်ရိပေါ်ကိုတောင် မရှိသလို့ ပစ်ထားခဲ့၏ ။ ဝမ်ရိပေါ်ကလည်း
ဘွားဘွားတို့ဆီမှာပဲ သွားနေကာ ကျောင်းတက်ပညာသင်ယူခဲ့သည် ။ ကျောင်းပြီးသွားလို့ မားမားဆီ ပြန်လာတော့ ရင်နာဖွယ်သတင်းက စောင့်ကြိုသည်။

ʟᴏᴠᴇ ᴍᴇ || ᴢʜᴀɴʏɪ || ( ᴄᴏᴍᴘʟᴇᴛᴇ ) Dove le storie prendono vita. Scoprilo ora