Twenty One

934 124 12
                                    

Uni

"လာပါ ဒါက နောက်ဆုံးတစ်ဇွန်းပဲဟာ"

မနက်စောစောစီးစီး Hudson တစ်ယောက် သူ့ကောင်လေးကို စွပ်ပြုတ်ခွံ့နေရသည်။ ဝေယံကတော့ မ‌သောက်ချင်သည့်ဟန်ဖြင့် ရှောင်ရှားနေသော်လည်း Hudson စကားနည်းနည်းပြောပြီး တိုက်တွန်းလိုက်ရင် လိမ်လိမ်မာမာ သောက်ရှာသည်။ ဒီရက်ပိုင်း အိပ်ရာထဲမှာလဲခဲ့ရတာမို့ ဝေယံ့ကိုယ်အလေးချိန် နည်းနည်းထပ်ကျသွားသည်။

ချွေးနှင့်ကပ်နေသော ဆံစတချို့နှင့် ပျားရည်ပါးပါးလေးသုတ်ထားသလို ကြည်လင်နေသောအသားအရည်က နေမကောင်းဖြစ်ခဲ့၍ နွမ်းဖတ်နေသော်လည်း သနားချစ်ခင်စရာ ကောင်းနေသည်။ Hudson က ပို၍ချောင်ကျသွားသော ညအိပ်ဝတ်စုံကိုကြည့်ကာ မသိမသာ အံကြိတ်သည်။

"အိမ်ပြန်မယ်လုပ်တိုင်းအမြဲဖျားနေတော့တာပဲ။ အိမ်ကိုတောင် ပြန်နိုင်ပါတော့မလား"

ဝေယံက သူ့စောင်သူ လက်နဲ့ဆုပ်ရင်း မကျေမနပ်ညည်းတွားသည်။ Hudson မျက်လုံးတွေက အရောင်ပြောင်းသွားကာ ချက်ချင်းတားလိုက်သည်။

"မဟုတ်တာ ဒီလို နိမိတ်မရှိတာတွေ မပြောရဘူး"

"အင်းပါ"

ဝေယံ့မျက်လုံးလေးတွေမှိန်ကျသွားသည်။ ‌တကယ်တော့ ဝေယံ့အိမ်က ဝေယံ့ကို ဒီမှာထားခဲ့တာ သူ့စိတ်အခြေအနေကို ကုသဖို့ဖြစ်သည်။ Hudson ကလည်း ထိုရည်ရွယ်ချက်အတိုင်း အကောင်းဆုံးစိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ ကုပေးပါသည်။ ‌Fame ကြောင့် ကြေမွသွားတဲ့ သူ့စိတ်ဒဏ်ရာတွေက တဖြည်းဖြည်းပျောက်လာပေမဲ့ မြန်မာပြည်ပြန်မယ်လို့ စကားရိပ်သမ်းတိုင်း အိပ်ရာထဲ လဲတတ်တာက ဘာရောဂါလဲမသိ။

ဘယ်လိုဖျားနာတာမျိုးလဲလို့ အတိအကျမသိရဘဲ ခဏခဏဖြစ်နေတာမျိုးက ကြောက်စရာတော့ကောင်းသည်။ တစ်ခါဖြစ်လိုက်ရင် ဝေယံ လမ်းတောင်မလျှောက်နိုင်လောက်အောင် ပင်ပန်းသည်။ သို့သော် အကြောင်းအရင်းဇစ်မြစ်ကိုတော့ ဝေယံသေချာမတွေးဖူးပါ။ သူ့အတွေးတွေဟာ တစ်စုံတစ်ခုက ထိန်းချုပ်ထားသလိုမျိုး အမြဲငြိမ်သက်နေပြီး Hudson အကြောင်းတွေကလွဲရင် တခြား ဘာမှသေချာမတွေးဖြစ်တော့။

Love Death (Completed)Where stories live. Discover now