Twenty

891 119 6
                                    

Uni

"ကောင်းကင်မှာကြယ်တွေလင်းနေတဲ့အချိန်ဆို ငါ ဘာလုပ်ရမှန်းမသိအောင်ဖြစ်ရတယ်
ကန္တာရပေမဲ့ ငါ့ကိုမထွက်နိုင်အောင်ပြုစားထားသလိုပဲ
ခပ်သဲ့သဲ့တိုက်လာတဲ့လေနဲ့ အကာအကွယ်ပေးထားတဲ့ ကောင်းကင်မည်းမည်း
အေးမြတဲ့ညဆီက ငါ ဘယ်လိုထွက်သွားနိုင်ပါ့မလဲ"

ဝေယံက ကဗျာကိုခပ်တိုးတိုးရွတ်ကာ ကောင်းကင်ပေါ်မော့ကြည့်လိုက်သည်။ သူသည် ဝရန်တာတစ်ခုတွင်ထိုင်နေခြင်းဖြစ်တာကြောင့် ဒီဒေသရဲ့ ကောင်းကင်မည်းမည်းနဲ့ ကြယ်လက်လက်များအား အလုံးစုံ မြင်တွေ့နေရသည်ပင်။ လေတစ်ချက်တိုက်လိုက်သည်မို့ သူ့အဝါရောင်ဆံပင်များက ဖွာခနဲဖြစ်သွားသည်။

အလင်းရောင်မှိန်မှိန်မှာ ကျုံ့ကျုံ့ကလေးထိုင်နေသော ကောင်လေးက ပွေ့ဖက်ချင်စရာလေးဖြစ်နေသည်။

"ကဗျာရေးတဲ့လူက ကန္တာရထဲ ရောက်နေခဲ့တာ။ ရှင်သန်ဖို့မကောင်းတဲ့ဒေသမို့ ထွက်သွားရမယ်မှန်း သူသိတယ်။ ဒါပေမဲ့ ကန္တာရရဲ့ ညဘက်မှာသာတဲ့ ကြယ်တွေက သူ့ကို ထွက်မသွားချင်အောင်ဆွဲဆောင်ထားသလိုပဲတဲ့"

Hudson လေသံက ခပ်တိုးတိုးပင်။ သူက မတ်တပ်ရပ်လျက်ဖြင့် ဝေယံ့ဆံပင်များအား ဆော့ကစားနေသည်။ ဝေယံကတော့ အမှီပြုစရာ နံရံက ဝေးနေသည်မို့ Hudson ခြေသလုံးတွင်ကျောမှီကာ ငေးငေးငိုင်ငိုင်လေးဖြစ်နေသည်။

"ကိုယ်က ကန္တာရဖြစ်နေရင်ရော? မင်းက ကိုယ့်ကို ထားသွားမှာလား"

Hudson က ခပ်တိုးတိုးမေးသည်။ ဝေယံက သူ၏ လက်တောက်သောမျက်ဝန်းများဖြင့် တစ်ချက်မော့ကြည့်လာသည်။ ထို့နောက် သူမှီထာ‌းသော Hudson ခြေသလုံးကို ပါးပြင်ဖြင့် နှစ်ချက်ခန့် ပွတ်သပ်သွားသည်။ ကောင်လေး၏ အဖြေက "No" လို့အဓိပ္ပာယ်ရပေမဲ့ Hudson ရုတ်တရက် မပြုံးနိုင်ဖြစ်သွားသည်။

သူသိသည်။ အကယ်၍ ကောင်လေးသာ သူ့ပုံမှန်စိတ်မှာရှိနေခဲ့ရင်၊ သူ့အကြောင်းတွေကို အကုန်သိသွားရင်၊ အဲ့ကလေးက သူ့ကို ပစ်ထားပြီး ချက်ချင်းထွက်ပြေးသွားလိမ့်မည်။

Hudson မျက်လုံးပြာတွေမှာ မယုံနိုင်လောက်အောင် အမှောင်ဖုံးနေသည်။ သူ့ခြေသလုံးတွေကိုမှီကာ ထိုင်နေသည့် ကောင်လေးအား တိတ်တိတ်လေး စူးစိုက်ကြည့်နေရင်း ဘယ်လိုအတွေးတွေကို တွေးနေလဲဆိုတာ ပြောရခက်လှသည်။

Love Death (Completed)Where stories live. Discover now