Fourteen

906 119 9
                                    

Uni

တစ်ထပ်တိုက်လေးသည် သိပ်မကျယ်လှပေ။ ထူးဆန်းသော ပစ္စည်းများစွာဖြင့် ကျပ်ပိတ်နေသည်။ ဝေယံ ဝင်လိုက်သည်နှင့် မွှေးပျံ့သော နံ့သာခိုးတွေနှင့် တည့်တည့်တိုးသည်။ သူ မွှန်သွားသည်မို့ နှစ်ချက်လောက် နှာချေမိသေးသည်။

အခန်းအလယ်မှာတော့ သက်လတ်ပိုင်း ခပ်ပိန်ပိန်မိန်းမကြီးတစ်ယောက် စားပွဲ‌မှာထိုင်နေသည်။ စားပွဲပေါ်မှာ ထူးဆန်းသော ကတ်တချို့ဖြန့်ခင်းထားကာ အရိုးစသေးသေးလေးတွေလည်းရှိနေသည်။ မိန်းမကြီးသည် သူ၏ ပိန်ပါးသော လက်ချောင်းများကို အသုံးပြုကာ ကတ်တစ်ခုကို ဆွဲလိုက်၏။ ဝေယံဝင်လာတာရော ရှေ့မှာထိုင်လိုက်တာကို‌ပါ ထိုမိန်းမကြီးက တစ်ချက်မှ မော့ကြည့်မလာခဲ့။

"You should go home as soon as possible"
"မင်း အိမ်ကို မြန်နိုင်သလောက် မြန်မြန် ပြန်သင့်တယ်"

ထိုစကားသည် ဝေယံ့အားပြောလာသည့် ပထမဆုံးစကားပင်။ အမျိုးသမီးသည် ကတ်ပေါ်မှ အရိုးခေါင်းပုံကို သူ၏ လက်ချောင်းများဖြင့် ခပ်သာသာထိတွေ့လိုက်သည်။ ဝေယံ့ကို မော့ကြည့်လာသော သူမမျက်လုံးများက သာမန်ထက်ထူးခြားကာ ကြည်လင်လွန်းလှသည်။

"No, it's not about me, about my best friend"
"ဟင့်အင်း။ ကျွန်တော့်အကြောင်းမဟုတ်ဘဲ ကျွန်တော့်သူငယ်ချင်းအကြောင်းမေးချင်တာ"

"Oh you want to help him?"
"အိုး မင်းကသူ့ကို ကူညီချင်သေးတယ်?"

အမျိုးသမီးသည် ဟာသတစ်ပုဒ်ကို ကြားလိုက်ရသည့်အလား ဟက်ဟက်ပက်ပက်ရယ်လာသည်။ ဒီကောင်‌ေလးဝင်လာကတည်းက သူ့ကိုချုပ်ထားသည့် စွမ်းအားကိုပါ သူမ ခံစားခဲ့ရသည်။ ဒီကလေးက သူ့သူငယ်ချင်းကိုထက်၊ သူ့ကိုယ်သူ ပိုပြီး စိတ်ပူသင့်သည်။

"His fate is already decided. He must die. This is the promise. No one can destroy"
"သူ့ ကံကြမ္မာက သေဖို့သတ်မှတ်ပြီးသား။ သူက သေကိုသေရမှာ။ သူက အဲ့လိုကတိပေးခဲ့တာပဲလေ"

အမျိုးသမီးက နောက်ကတ်ပြားတစ်ခုကို ဆွဲထုတ်လာပြန်သည်။ ကတ်ပြားပေါ်က ကောင်မလေးမှာ အရုပ်တစ်ရုပ်အလား ကြိုးဆွဲရာကနေရသည့်ပုံမျိုး။

"But you, you should take care of yourself instead of him. Or you'll never be able to leave this fate. At worst, you may be dead. The best way is to go home and never come back here"
"ဒါပေမဲ့ မင်းကတော့ မင်းကိုယ်မင်းပိုဂရုစိုက်သင့်တယ်။ မဟုတ်ရင် မင်းရဲ့ကံကြမ္မာကနေ လွတ်မြောက်မှာ မဟုတ်ဘူး။ အဆိုးဆုံးမှာ မင်းသေသွားနိုင်တယ်။ ဒါကြောင့် အိမ်ကိုချက်ချင်းပြန် ဒီကို ဘယ်တော့မှ ပြန်မလာနဲ့"

Love Death (Completed)Where stories live. Discover now