Thirteen

925 116 10
                                    

Uni

ကျွီ

တံခါးကို အလောတကြီးတွန်းဖွင့်ကာ ဘာပဲရှိနေနေဟု စိတ်ပိုင်းဖြတ်ပြီး ထွက်ပြေးလာခဲ့တာဖြစ်သည်။ သို့သော် ဒီလို မြင်ကွင်းနဲ့ ပက်ပင်းကြီးကြုံရမယ်လို့ fame တစ်ခါလေးမှ စိတ်ကူးမထားခဲ့မိ။

အိမ်အပြင်ဘက်မှာ အနီရောင်ပြင်ကြီးက ပိန်းပိတ်နေသည်။ ထိုအထဲ၌ အနက်ရောင်သစ်ပင်ရိပ်များကို မြင်ရသည်။ သစ်ပင်ရိပ်၏အကိုင်းများဆီ၌် များပြားလှစွာသော လူပုံသဏ္ဍာန်များက တွဲလဲကျနေသည်။ သွေးပေါက်များသည် ချိတ်ထားသောအဝတ်မှ ရေစက်များနှယ် တစက်စက်ကျနေကြသည်။

အမည်းရောင်လူရိပ်တချို့သည် လည်ချောင်းထဲမှလာသည့် မပီဝိုးတဝါးအသံနှင့် ညည်းညူကာ ဟိုဟိုဒီဒီသွားလာနေကြသည်။ ဒီငရဲပြင်ကျယ်ကြီးက ဘယ်မှာဆုံးမလဲ သူ တကယ်မသိ။

Fame ဂါဝန်ရှည်ကြီးကိုမရင်း အသက်ရှုရပ်မတတ်ပင်။ သူ ဒီနေရာမှာပင် သေသွားချင်မိသည်အထိ ထိုမြင်ကွင်းက ကြောက်စရာကောင်းလွန်းသည်။ သူထွက်လာသည့် တံခါးကို လှည့်ကြည့်တော့ ထိုအိမ်နှင့်တံခါးက အစအနမကျန်ပျောက်ကွယ်သွားခဲ့ပြီ။

အခုတော့ သူတစ်ယောက်တည်း ဒီသစ်တောထဲမှာ...

ခြေတွေလက်တွေတုန်လာကာ ခွေခနဲလဲကျသွားသည်။ ဂါဝန်ကိုတင်းတင်းဆုပ်ထားပြီး ငိုလိုက်ပေမဲ့ မျက်ရည်က ကျမလာ။ ကောင်းကင်မှာ နေလားလလားမသိသည့် အနီရောင်အလင်းအရင်းအမြစ်တစ်ခုရှိနေသည်။

စုတ်ပြဲနေသည့် အညိုရောင်ဂါဝန်ဝတ်ထားသည့် မိန်းမတစ်သိုက်၊ မစုံတော့သော ခြေလက်အင်္ဂါတို့ဖြင့် မီးပုံတစ်ပုံကို ဝိုင်းပတ်ကနေတာ တွေ့ရသည်။ သူတို့သီဆိုနေသော တေးသည် ဆွဲငင်ဩရှပြီး စိတ်ခြောက်ခြားဖွယ်ရာကောင်းလွန်းသည်။ fame မျက်လုံးမှိတ်လိုက်ပေမဲ့ အသံတွေက ကြားနေရဆဲ။ ဘယ်သူကများ ဒီငရဲကနေ သူ့ကို လွှတ်ပေးနိုင်မလဲ။

နောက်ဆုံး သူ ထွက်ပြေးလာခဲ့သည်။ အရေးအကြောင်းမှ ဝေယံ့ကိုဖုန်းဆက်ဖို့ သတိရပေမဲ့ ဖုန်းက အိမ်ထဲမှာကျန်ခဲ့ပြီဖြစ်သည်။ ဟိုမကောင်းဆိုးဝါးဆီမှာလား အခန်းကျဉ်လေးထဲမှာလားတော့ သူ မမှတ်မိတော့။

Love Death (Completed)Où les histoires vivent. Découvrez maintenant