Two

1.4K 134 12
                                    

Uni

သွေးတွေ ငါ့လက်တွေပေါ်စီးကျလာတာကို ခံစားမိလိုက်တယ်။ ငါ ဘာတွေလုပ်လိုက်မိတာလဲ။ ကြမ်းပြင်ပေါ်ကျသွားတဲ့သွေးစက်တွေနဲ့အတူ ငါ့မျက်ဝန်းဟာ မျက်ရည်တွေနဲ့ ဝေဝါးလာတယ်။ နွေရဲ့နေ့လယ်ခင်းမို့ နေက လိုတာထက်ပိုပြီး ပူပြင်းနေခဲ့တယ်။ ပြတင်းပေါက်အပြင်ဘက်ကို မျက်ရည်ဝဲဝဲနဲ့ လှည့်ကြည့်ရင်း သူ့ရယ်သံကြောင့် ငါ့နှလုံးသားတစ်ခုလုံးကို ဆွဲစုပ်ထားသလို ခံစားရမှန်း သဘောပေါက်သွားမိတယ်။ သူ မသေသေးဘူးလား။ သူ မသေသေးရင် ငါ သူ့ကို ဘယ်လိုမှ မချစ်နိုင်ဘူးလေ။သွေးတွေဟာ ကြမ်းပြင်ပေါ်မှာ ပိုများလာပြီး သူက ငါ့လက်တွေကို ဆုပ်ကိုင်ထားတုန်းပဲ။ တဖြည်းဖြည်းငြိမ်သက်သွားချိန်မှ ငါ သူ့ကို သေသေချာချာကြည့်မိတယ်။ ငါ သူ့ကို မကြည့်ခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ။

ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်တယ်။ သူ့ကို သန့်ရှင်းရေးလုပ်ပေးတယ်။ အဖြူရောင်တွေကို သူ အကြိုက်ဆုံးမလို့ အမည်းရောင်ဝတ်စုံနဲ့ သူ့ကို သင်္ဂြိုလ်ပေးမယ်။ သူက ငါ ဘာလုပ်လုပ် ငါ့ကို ချစ်မှာပဲ။

ဈာပနအတွက် အိမ်နီးနားချင်းတွေကို အသိပေးရင်း သီချင်းတစ်ပုဒ်ဖွင့်ပြီး အိမ်ကို သန့်ရှင်းရေးလုပ်နေလိုက်တယ်။ ညသန်းခေါင်မှာ တံမြက်စည်းလှည်းရင်း မျက်ရည်ကျနေတာ ငါပဲရှိမယ်။ မဟုတ်ဘူး။ တကယ်တော့ ငါ ပျော်နေတယ်။ ဝမ်းနည်းမှုဆိုတာ နည်းနည်းလေးတောင် မခံစားရဘူးလေ။

အခေါင်းနက်ထဲမှာလှဲနေတဲ့ သူ့ကို ငါကြည့်လိုက်တယ်။ ငါက အဖြူရောင်ဝတ်ထားတယ်။ သူက ငါ့ကိုပဲ သဘောကျရမယ်လို့ ငါတွေးနေမိတယ်။ ဒါပေမဲ့ ဒါဟာလည်း ငါ စိတ်ပူစရာအရာမဟုတ်ခဲ့ဘူး။ ငါ သူ့ကို ဓားနဲ့ထိုးခဲ့ပေမဲ့ သူက ငါ့လက်ဖဝါးကို နမ်းခဲ့တယ်။ ဘယ်လို အရူးကောင်နဲ့ ငါတွေ့ခဲ့ရတာလဲ။သူ့မျက်ခွံတွေဟာ ငြိမ်သက်နေတယ်။ ငါ့ရှေ့မှာရှိတဲ့သူက ကမ္ဘာမှာ အချောဆုံးလူပဲလို့ ငါတွေးမိတယ်။ သူ့နှုတ်ခမ်းတွေကို ခံစားကြည့်ချင်တာမို့ ငါ အရှေ့ကိုတိုးပြီး သူ့ကိုဖွဖွလေးနမ်းလိုက်တယ်။

"နောက်ဆုံးတော့ ငါ မင်းကို လွတ်လွတ်လပ်လပ်ချစ်နိုင်ပြီ။ အမုန်းတရားတွေ၊ အစွဲတွေ၊ ခံယူချက်တွေ... လူသေတွေမှာ ဘာမှမရှိတာမို့ ငါ မင်းကို ချစ်နိုင်ပြီပဲ"

Love Death (Completed)Hikayelerin yaşadığı yer. Şimdi keşfedin