အပိုင်း၇

79 17 3
                                    

第九条尾巴(The Ninth Tail)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၇

ကြောင်လေးကို အောက်ချလိုက်


ငါးထမင်းနယ်?ကျိရှောင်းမှာ ရင်ခွင်ထဲရှိ ကြောင်လေးကို ကြည့်လိုက်မိသည်။သူ့အတွက် ငါးထမင်းနယ်ကို ဘယ်ကရနိုင်မှာလဲ.......

"ခဏနေကျမှ စူပါမားကတ်သွားပြီး ငါးဗူး၀ယ်လိုက်တာပေါ့" ချန်ယွီက အချ်ိုရည် နည်းနည်း သောက်လိုက်ပြီး "ဒီကိစ္စကို နင်တို့နှစ်ယောက်ဆီ လွှဲပေးလိုက်ပြီ ၊ ဒီအချိန်ခဏအတွင်းတော့ နင်တို့နှစ်ယောက် သူ့က်ို နည်းနည်း၀လာအောင် ကျွေးမွေးထားလိုက် ၊ မွေးမယ့်သူ ရှာရတာလည်း လွယ်တာပေါ့"

"လူကြီးမင်းက တကယ် ညွှန်ကြားပြသတတ်တယ်" ကျိရှောင်းမှာ စိုးရိမ်နေမိသည်။ဒီကြောင်လေးကို ကြည့်ရသည်မှာ အရမ်း အားနည်းသည့်ပုံပင်။မွေးရင်း သေသွားမှာ သူ စိတ်ပူမိသည်။

"အပိုတွေ ပြောမနေနဲ့ ၊ လုပ်စရာရှိတာ လုပ်ရင် ရပြီ"

"လင်ဇီက ကြောင်တွေကို သဘောကျတယ် ၊ ဒီတာ၀န်ကို ငါ့အထင် သူ့ကိုလွှဲပေးလိုက်ရင် သင့်တော်လောက်တယ်" ကျ်ိရှောင်းမှာ ဘေးနားတွင် လက်ပိုက်၍ ထိုင်နေပြီး ရယ်နေသည့် လင်ဇီကို ကြည့်လိုက်ကာ "သူ ကွန်ပျူတာထဲမှာ ကြောင်တစ်ကောင် မွေးထားတယ် ၊ နေ့တိုင်း အမွေးဖြီးပေးလိုက် သန်းရှာပေးလိုက်နဲ့ ၊ အရမ်း ချစ်တာ"

"ရိုး" ချန်ယွီက ရယ်၍ လင်ဇီအား ကြည့်လိုက်သည်။ဒီလူမှာ ကြည့်လိုက်လျှင် တစ်ရာ့ကိုးဆယ်လောက် အရပ်အမြင့် ရှိပြီး ၊ ခန္ဓာကိုယ်ကလည်း သွေးကွေးတာမျိုး မဟုတ်ပေ။မမျှော်လင့်ထားစွာဖြင့် ဒီလိုအရာမျိုးကို ကစားနေသည်။ "မထင်ရဘူးပဲ ၊ တော်တော်လေး အားအင်အပြည့် ယောကျာ်းပုံစံမျိုးက ဒီဟာမျိုးကို ကစားတယ်ပေါ့"

"သေချာပေါက် အားအင်အပြည့် ဖြစ်နေရမှာပေါ့" လင်ဇီက ရှက်ရွံ့သွားတာမျိုး မရှိပဲ ၊ အတော်လေး သဘောထားကြီးဟန်ဖြင့် ပြန်ဖြေလိုက်သည်။အဓိက အချက်ကို မဖမ်းမိသွားရုံသာ။

ကိုးချောင်းမြောက်အမြီးWhere stories live. Discover now