အပိုင်း၂

105 18 2
                                    

第九条尾巴(The Ninth Tail)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၂

တင့်တယ်လှပအောင် ကြိုးစားနေသော ကြောင်မည်းလေး

ကျိရှောင်းမှာ လိုင်းပေါ်မှ ဆင်းသည့်အချိန်၌ လက်ချောင်းထိပ်များပင် တင်းကြုံ့နေပြီဖြစ်သည်။တစ်ညလုံး အများနှင့်တစ်ယောက် တိုက်ခိုက်ရသည်။ဘယ်နေရာကိုပဲသွားသွား ရုတ်တရက် ထွက်ပေါ်လာသည့်သူရှိပြီး သူ့အား အလစ်၀င်တိုက်ကြသည်။လူတွေကို သတ်ရလွန်း၍ ကိရိယာတွေရော ကြာရှည်ခံတာတွေပါမရှိတော့ပေ။

ယောကျာ်း ၊ လိုင်းပေါ်က ဆင်းလိုက်တော့ ၊ ငါတို့တွေ ၀ိုင်းတိုက်တာ ခံနေရပြီ။

ထန်ဖောက်ဖောက်က မြို့ထဲတွင် ပုန်းနေပြီး လင်မယား channel ကို သုံး၍ ကျိရှောင်းအား စာပို့လာသည်။ကျိရှောင်းမှာ ထန်ဖောက်ဖောက်အတွက် ဆေးသွား၀ယ်ပေးနေဆဲ ဖြစ်ရာ ၊ လမ်းတွင် လူတစ်ချို့၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။အတော်ကြာအောင် သတ်ပြီးကာမှ လုံခြုံရေးနယ်မြေဆီ ကိုယ်လွတ်ရုန်းကာ ထွက်ပြေးလာနိုင်ခဲ့ပြီး ၊ အချိန်ကို အမိအရယူ၍ ထန်ဖောက်ဖောက်အား စာတစ်စောင် ပြန်ပို့လိုက်သည်။ : မင်းဘိုးအေကို ၀ိုင်းတိုက် ၊ မင်း တကယ်ပဲ သူများတွေကို ဘယ်လိုရန်စခဲ့တာလဲ ၊ ပုံစံတွေက ဒီလို မကျေအေးနိုင်တဲ့ပုံစံတွေ ဖြစ်နေကြတယ်။

Fuck ၊ အဲ့လူက public မှာ ငါ့ကို ပြောင်ပြောင်တင်းတင်း စော်ကားနေတာလေ ၊ ပြောတဲ့စကားတွေက အရမ်း နားထောင်ရ ဆိုးလွန်းလို့ ၊ ဘယ်သူက သည်းခံနိုင်မှာလဲ ၊ ငါ world တစ်ခုလုံး အပြည့် သူ့ကိုနှစ်နာရီလောက် ဆဲပေးလိုက်တယ်။

ဘယ်က အသိတရား မရှိတဲ့လူလဲ ၊ မင်းကိုတောင် စော်ကားပြောဆိုရဲတယ် ၊ ဗိုက်ဆာလွန်းလို့ အစားအစာတောင် မရွေးနိုင်တော့ဘူးပဲ........

လစ်လိုက် !

ကျိရှောင်းမှာ အပိတ်ခံထားရတာကြောင့် ဘာမှမလုပ်နိုင်တော့ရာ လိုင်းပေါ်ကနေ ဆင်းလိုက်ရသည်။လိုင်းမဆင်းခင်တွင် သူ world channel ကို တစ်ချက် ကြည့်လိုက်သည်။အကုန်လုံးမှာ တစ်ဖက်ရှိလူများ ပြောနေကြခြင်းပင်။ပြောနေကြသည့်စာများ နည်းနည်းလောက် ငြိမ်သက်သွားတော့မည့် အချိန်တိုင်း ၊ ထန်ဖောက်ဖောက်က အချိန်ကိုက် ထွက်ပေါ်လာကာ တစ်ခွန်းလောက် ၀င်ပြောတတ်သည်။တစ်ဆက်တည်းမှာပင် ပြောစကားများ အလုံးအရင်း ​တက်လာသည်။အကြောင်းအရာကတော့ အတူတူပဲပင်။ : ချီရှောင်ပိုင် ထန်ဖောက်ဖောက် ၊ သေသင့်တဲ့ မယားခိုးကောင် !

ကိုးချောင်းမြောက်အမြီးWhere stories live. Discover now