အပိုင်း၄

86 15 0
                                    

第九条尾巴(The Ninth Tail)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၄

ပြန်စရာအိမ် မရှိတော့တဲ့ ကြောင်မည်းလေး


ကျိရှောင်းမှာ ထိုကလေးကို သယ်ပြီး အဆောက်အဦးအောက်ကို ပြေးဆင်းလာခဲ့သည့် အချိန်၌ ပင်ပန်းလွန်း၍ အသက်ပင် မရှုနိုင်တော့သလောက်ပင်။ခြေထောက်တွေလည်း တော်တော်လေး အားနည်းသွားခဲ့သည်။ဒီကလေးက ကြည့်လိုက်လျှင် တော်တော်လေး ပိန်သော်လည်း ၊ သယ်သည့်အချိန်၌ တော်တော်လေး လေးလှသည်။ကျိရှောင်းမှာ ဒီကလေးအား လူနာတင်ကားပေါ် ပစ်တင်လိုက်သည့် အချိန်၌ သူကိုယ်တိုင်ပါ တစ်ခါတည်း ၀င်မိသွားတော့မလို ဖြစ်သွားခဲ့သည်။

ဟိုဘက်မှာတော့ ၀ူကျိကျွင်းက မျက်နှာပြာနှမ်းတော့မတတ် အော်ဟစ်နေသည်။မီးသတ်ရေပိုက်ရှိ ရေက ထ်ိန်းဖို့ မလုံလောက်ပေ။အမိုးထပ် ဖြစ်နေတာပါ ထပ်ပေါင်းလိုက်ရာ ၊ ကယ်ဆယ်သည့် အချိန်၌ လူတစ်ယောက်က မီးသတ်လှေကားထိပ်ကို ကျော်မတက်ရဲ ဖြစ်နေတာကြောင့် ၊ သူ့(၀ူကျိကျွင်း)အသံထဲမှာ စိုးရိမ်မှူများ ပါ၀င်နေသည်။ကျ်ိရှောင်းမှာ ထိုကလေး၏ ပခုံးက်ို ပုတ်လိုက်ပြီး : "ဒီမှာစောင့်နေ ၊ ခဏနေ ဆရာ၀န်က မင်းကို စစ်ဆေးပေးလိမ့်မယ်"

ကျိရှောင်းမှာ မီးသတ်လှေကားအောက်က်ို ပြေးသွားလိုက်သည်။မီးလုံးက 15 ထပ် ပြတင်းပေါက်ကနေ လိမ့်၀င်နေပြီဖြစ်သည်။လှေကားကနေ ဆင်းဖို့က မဖြစ်နိုင်တော့ပေ။သို့သော်လည်း လှေကားက လုံလုံလောက်လောက် မမြင့်ချေ။အမိုးပေါ်ရှိ လူများမှာ မီးသတ်သမားများ၏ ကာကွယ်ပေးမှုအောက်မှ ကြိုးဖြင့် နည်းနည်းလျှောဆင်းကာ လှေကားပေါ်ကို ထပ်ပြီး ခုန်ချရတော့မည်ဖြစ်သည်။လူအချို့က ခုန်ဆင်းလိုက်ကြပြီပင်။အခု ကျန်နေသေးသည့် လူအချို့မှာ သေမည်ဆိုလျှင်တောင် မလှုပ်ရှားရဲကြသည့်လူများ ဖြစ်သည်။မီးသတ်သမားများကို ဖက်ကာ လက်မလွှတ်ပေးကြတာကြောင့် ရှေ့တိုးရအခက် နောက်ဆုတ်ရအခက် ဖြစ်နေသည်။

"အရင်ဆုံး ဒီလူတွေကို အောက်ချလိုက် ! " ၀ူကျိကျွင်းက စကားပြောစက်ကနေ အော်ပြောလိုက်သည်။

ကိုးချောင်းမြောက်အမြီးWhere stories live. Discover now