အပိုင်း၁

306 43 0
                                    

ကိုးချောင်းမြောက်အမြီး(第九条尾巴)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၁

ရေအောက်မြောင်းထဲက ကြောင်မဲလေး

"ငါ 119 က််ို ဖုန်းဆက်ပြီးပြီ ၊ မီးသတ်အဖွဲ့တွေ သူ့ကိုလာကယ်မှာကို စောင့်ကြရုံပေါ့ ၊ ဒီကြောင်လေးက သနားစရာပဲ....."

ရေအောက်မြောင်း အပြင်ဘက်ရှိ ဆူညံနေသည့် လူသံများ ကြားထဲမှ ထ်ိုစကားတစ်ခွန်း ပျံ့လွင့်လာသည့် အချိန်တွင် ၊ သူလုံး၀က်ို ကံဆိုးပြီဟု တွေးလိုက်မိသည်။

သူ အားသုံးပြီး ခြေထောက်ကို လှုပ်ကြည့်လိုက်ကာ ၊ အရမ်း စိတ်ဓာတ်ကျသွားမိသည်။ခြေထောက်က အရမ်း နာပြီး ညပ်နေသည်။ထို့အပြင် တစ်ချက်လှုပ်လိုက်တာနှင့် နာလာခြင်း ဖြစ်သည်။ပစ္စည်းတစ်ခုခုက ခြေထောက်ပေါ်ရှိ အရေပြားထဲ ထိုးနေတာ ဖြစ်ပုံရသည်။

ကြောင်တစ်ကောင်က ကြွက်ကို လိုက်ဖမ်းရင်း ရေအောက်မြောင်းထဲတွင် လှုပ်မရ ဖြစ်သွားခဲ့သည်။ဤသည်မှာ ကြောင်သမိုင်းတွင် မျက်နှာပျက်စရာ ကိစ္စပင်။

ဘယ်လိုပဲဖြစ်ဖြစ် သူက အမြီးကိုးချောင်း ကြောင်တစ်ကောင် ဖြစ်နေသေးသည်။

အတိအကျ ပြောလျှင်တော့သူ့ကို ထည့်တွက်၍ မရသေးပေ။သူ့ထံတွင် ကိုးချောင်းမြောက်အမြီး မထွက်လာသေးလို့ပင်။သို့သော်လည်း သူ့မှာ ရှစ်ချောင်း ရှိနေပြီဖြစ်သည်။ဟုတ်သည်ပင်။လှပသည့် အနက်ရောင်အမြီး က်ိုးချောင်း ၊ နောက်တစ်ချောင်းသာ ထပ်ထွက်လာလျှင်.......

သို့သော်လည်း အခု သူ ဒီလို ညစ်လည်း ညစ်ပတ် ၊ နံလည်း နံစော်ပြီး ၊ မှောင်မည်းနေသည့် နေရာတွင် ပိတ်မိနေသည် ! ရေအောက်မြောင်း ထွက်ပေါက်နေရာတွင် တစ်ခါတစ်ခါ ဖြတ်သွားသည့် လက်နှိပ်ဓာတ်မီး အလင်းရောင်က လင်းလွန်း၍ သူ အတော်လေး သက်သောင့်သက်သာ မရှိ ဖြစ်နေသည်။

လူတစ်ယောက်က ခါးကိုင်း၍ ထွက်ပေါက်နား တိုးကပ်လာကာ ၊ လက်နှိပ်ဓာတ်မီးဖြင့် သူ့မျက်လုံးပေါ် ထပ်ပြီး လှုပ်ရှားလာသည့်အချိန်၌ ၊ သူ ထိန်းချုပ်မထားနိုင်တော့ပဲ ထိုလူအား ဒေါသထွက်စွာဖြင့် သွားစိပြလိုက်ကာ ၊ အရမ်းကို စိတ်ဆိုးစွာဖြင့် 'မြောင်'ဟု တစ်ခွန်း အော်လိုက်သည်။

ကိုးချောင်းမြောက်အမြီးWhere stories live. Discover now