အပိုင်း၅

99 17 0
                                    

第九条尾巴(The Ninth Tail)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၅

အာကာသထဲက အပျက်အစီးရဲ့ အစ်မ

ချန်ယွီက ကျိရှောင်း၏ အစ်မ ၊ အရင်းပင်။

ကလေး မရခင် အချိန်တုန်းက ၊ အိမ်၏ ဘုရင်မက အမေဖြစ်သည်။သို့ဖြစ်ရာ သူမ(အမေ)က ပြောသည်။သမီးလေးဆိုလျှင် သူမ၏ မျိုးရိုးကို ယူရမှာ ဖြစ်ပြီး ၊ သားလေး ဆိုလျှင်တော့ အဖေ့မျိုးရိုးကို ယူရမည်ဟုပင်။

အခုဆို သမီးမိန်းကလေးထက် သားယောကျာ်းလေးသာ လိုချင်သည့် မိသားစုတွေ သိပ်မရှိတော့ပေ။ပုံမှန်အားဖြင့် ယောကျာ်းလေးရော မိန်းကလေးပါ တန်းတူညီမျှပင်။သို့သော်လည်း ကျိရှောင်း သိတတ်စ အရွယ်ကစပြီး ၊ သားယောကျာ်းလေးထက် သမီးမိန်းကလေးကို ပိုလိုချင်သည့် သူတို့မ်ိသားစုလိုမျိုးက သိပ်များများစားစား မရှိလောက်ဘူးဟု တွေးခဲ့မိသည်။

အချက်အလက်ကျကျ ပြောရလျှင် အမေက တစ်ချိန်လုံး သမီးလေးတစ်ယောက် လိုချင်ခဲ့သည်။ချန်ယွီကို ကိုယ်၀န်ဆောင်သည့် အချိန်က ၊ ဆေးရုံကိုသွားကာ စစ်ဆေးမှု တစ်ခု ပြုလုပ်ခဲ့ပြီး ၊ မိန်းကလေးတစ်ယောက်ဟု သိရချိန်၌ ၊ သူမမှာ နေရာမှာပင် မျက်ရည်တွေ ကျလာခဲ့သည်။ဟွားခနဲ ဟွားခနဲပင်။ဆရာ၀န်တွေ သူငယ်ချင်းတွေက တိတ်တဆိတ် နှစ်သိမ့်ပေးကြပြီး ၊ ယောကျာ်းလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် အကုန် အတူတူပါပဲဟု ပြောပေးကြသည်.....အဖေက ဟုန်ပေါင်းတစ်ခု ထုတ်ယူ၍ ထိုးထည့်ပေးလိုက်ပြီး ၊ သားတစ်ယောက်သာ ဖြစ်နေပါက ဒီဟုန်ပေါင်းကို ဒေါက်တာ မရလောက်ဘူးဟု ပြောခဲ့လိုက်သည်။

သို့ဖြစ်ရာ တစ်ကမ္ဘာလုံးဆိုင်ရာ အထိန်းအမှတ်လို အ​ငွေ့အသက်များဖြင့် ၊ အိမ်တွင် မိန်းကလေးအင်္ကျီတွေ တစ်ပြုံကြီး ၀ယ်ပြီး ၊ အမေက နေ့တိုင်း စားပြီးအိပ် အိပ်ပြီးစား လုပ်ရာ ၊ ချန်ယွီကို မွေးသည့်အချိန်၌ ၀လွန်း၍ ခွဲမွေးရတော့မတတ် ဖြစ်ခဲ့သည်။

ကျိရှောင်းမွေးလာသည့် အချိန်၌ ၊ အမေပြောသည့် စကားအတိုင်း ပြောရလျှင် ၊ ထိုအရာက ပေါ့ဆမှု တစ်ခုပင်။

ကိုးချောင်းမြောက်အမြီးWhere stories live. Discover now