လမင်းမှာ မောင့် အသံကြောင့် လက်ထဲက ရေခွက်အား ချကာ အိမ်ရှေ့ဘက် ထွက်လာလိုက်၏။

ခြံ တံခါး အရှေ့၌ခါးထောက်ကာ မတ်တပ် ရပ်၍ အော်နေသော
မောင်။

မောင့် မျက်နှာဟာ ဒေါသအရှိန်ကြောင့် နီမြန်းနေကာ
အံကို တင်းတင်းကြိတ်လျှက် လမင်းအား စူးရဲစွာ စိုက်ကြည့်နေပုံမှာလည်း ကြက်သီးထစရာမို့ ခြံတံခါးကို ဖွင့်မပေးပဲ ခြံထဲကနေ‌သာ စကားလှမ်းပြောလိုက်၏။

အခုမှ ဘာကိစ္စနဲ့ လာပြီး ဒေါသထွက်ပြနေတာလဲ။ သူပဲ ဒေါသထွက်တတ်တာလား။ အသံကိုက မာကြောပြနေတာ။

"ဘာလာလုပ်တာလဲ ! ပြန်! "


"ထွန်း လမင်း သာ !  "


"ဘာလဲ ! "

" မင်း အခုချက်ချင်း တံခါးဖွင့် ! "

"ဘာကိစ္စနဲ့ ဖွင့်ရမှာလဲ ! ပြန်တော့ မင်းနဲ့ ပြောစရာဘာမှ မရှိတော့ဘူး "

ဘုန်း!~~~


"ဖွင့်လို့ ပြောနေတာ ! အခု ဖွင့် ! "

ခြံတံခါးအား အားဖြင့် တစ်ချက် ကန်လိုက်ကာ ဆွဲဆောင့်၍ ဖွင့်ခိုင်းနေသော မောင့်ပုံစံကြောင့် လမင်းမှာ တစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် တုန်ယင် လာရသည်။ မောင့်ဒီလို ပုံစံ တစ်ခါမှ မမြင်ဖူးတာမို့ ကြောက်ပါ၏။ မောင့်ကို တစ်ခွန်းမကျန် ပြန်ပြောမိတာကပဲ မှားတာလား။

တစ်စတစ်စနှင့် မောင့် အော်သံဟာ ကျယ်လာသလို အိမ်မှာ အမေမရှိဘူး ဆိုသော အသိကြောင့်နှင့်  မောင့် ပုံစံကြောင့်ပါ လူက ဝမ်းနည်း လာကာ မျက်ရည်များ အဆက်မပြတ် ကျလာရင်း ခြံအပြင်မှ မောင့်အား

" အိမ်မှာ အမေမရှိတာမို့ မင်း ပြန်တော့ "


" မင်းအမေနား လာတာမဟုတ်ဘူး  မင်းဆီလာတာ
    မောင် ဒီထပ် ဒေါသ ပိုမထွက်ချင်ဘူး လမင်း ခြံတံခါးဖွင့်! "


" ဟင့်အင်း ! "

" လမင်း! "


မောင့်ပုံစံကို ကြောက်လာတာမို့ ခြံတံခါးအား ဖွင့်ပေးခဲ့ပြီး လမင်း အိမ်ပေါ်အမြန်ပြေးတက်လာမိ၏။  မောင်ဟာ အနောက်ကနေ လိုက်လာတာမို့ ကြောက်စိတ်ဖြင့် ပြေးရသည်မှာ သရဲသဘက် လိုက်လို့ပြေးနေရသလိုပင်ဖြစ်၏။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now