"နဂိုအတိုင်းပြန်ဖြစ်ဖို့ကကြာအုံးမလားဒေါက်တာ......"

တိုးဖွဖွအသံနဲ့မေးလာတဲ့ကောင်လေးကိုလှည့်ကြည့်ရင်းမျက်စမျက်နပြကာအသံတိတ်ခိုင်းလိုက်သည်။ ‌
ဒီကလေးထူးထက်စေအပေါ်စိုးရိမ်နေမှန်းသိပေမယ့်ဒီလိုကိစ္စမျိုးကလူနာရှေ့မှာပြောလို့မှမကောင်းတာပဲလေ......။

"ဒါဆို မင်္ဂလာပွဲမှီပါ‌တော့မလား......"

ရုတ်တရက်ကြားလိုက်ရတဲ့ရေရွတ်သလိုစကားကြောင့်ထည်ဝါရောသဝဏ်ပါအနည်းငယ်ကြောင်အသွားမိတာတော့အမှန်။

"ကိုကို့မင်္ဂလာပွဲကျရင်ဖိတ်ဖို့ပြောထားတာကို......"

"ဖိတ်တော့မင်းကသွားချင်နေသေးတာလား......"

ကိုယ်သဘောကျနေတဲ့သူကတခြားလူနဲ့မင်္ဂလာဆောင်မယ့်ပွဲကဖိတ်ခိုင်းနေသေးတဲ့ထူးထက်စေကြောင့်သဝဏ်ဒေါသထွက်ကာဘုဆတ်ဆတ်ပြောပစ်မိသည်။ ဒါတောင်ခပ်ပြုံးပြုံးနဲ့ခေါင်းညိတ်ပြလာတဲ့ကောင်ကလူနာသာမဟုတ်ဘူးဆိုရင်သေချာပေါက်တောက်တစ်ချက်ခေါက်ရုံနဲ့ဒေါသပြေမိမှာမဟုတ်တာတော့အသေအချာပါပဲ။

"မင်းရူးနေလားထူးထက်စေ!......အဲ့ဒီ့လူရဲ့မင်္ဂလာပွဲကိုမင်းကရင်ကွဲခံပြီးသွားကြည့်အုံးမလား ဟမ်!!......"

"ကောင်လေး......"

ဘေးကနေဝင်ထိန်းပေးသလိုပြောလာတဲ့ဒေါက်တာ့ရဲ့စကားသံကိုကြားမိပေမယ့်သဝဏ်ဂရုမစိုက်မိ။ အခုအချိန်မှာသူသိတာဆိုလို့ ထူးထက်စေအဲ့ဒီ့လူကိုမေ့သွားစေချင်တာပဲသိသည်။ ကိုယ့်ကိုမချစ်တဲ့သူအပေါ်အနစ်နာခံပြီးချစ်ပေးခြင်းကအဆုံးသတ်မှာတစ်ဖက်သတ်နာကျင်ရရုံပဲဆိုတာဒီကောင်မှမသိတာ......။

"‌ကိုစဝ်ထည်ဝါခဏလောက်အပြင်ထွက်ပေးလို့ရမလားဗျ......"

တောင်းဆိုသလိုပြောလာတဲ့ထူးထက်စေကြောင့်သူ့ကိုတစ်လှည့်ထူးထက်စေကိုတစ်လှည့်ကြည့်ပြီးမှအခန်းအပြင်ထွက်သွားတဲ့ဒေါက်တာ။ ဒါတောင်အရမ်းစကားပြောမလွန်ဖို့မျက်လုံးချင်းသတိပေးသွားသေး။
ဟူး...ဒေါက်တာ ခင်ဗျားမသိတာတွေရှိပါသေးတယ်။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now