"ဘယ်မှာ ကြူလို့လဲ ကိုယ် သူငယ်ချင်းနဲ့ စကားပြောနေတာပါကွာ "


"အေ ..မိုင်းနောင် ရောက်မှ ပြော ! အဲ့သူငယ်ချင်းနဲ့
    အခုပြန်! မင်းကို ကြည့်လို့ကိုမရဘူး  "

သန့်စင်ထွန်းအရှေ့မှာ ခါးထောက်ကာ ပြန်ဖို့ချည်းပြောနေသော
ကောက်စိန်လေးဟာ  ပြောပြောဆိုဆိုနှင့် သူ့အဝတ်ပုံး ဘေးတွင်ထားထားသော သန့်စင်ထွန်း ကျောပိုးအိတ်ကို သွားယူတာမို့  ကုတင်ပေါ်ထိုင်နေသော သန့်စင်ထွန်းမှာ ပြာပြာသလဲ ပြေးတားရသည်။

"ဟေ့ ! ဟန်လျှမ်း  အဲ့လိုမလုပ်ရဘူးလေ "

ဟန်လျှမ်း လက်ထဲက ကျောပိုးအိတ်ကို ပြန်ဆွဲယူလိုက်ပြီး ကုတင်ပေါ် လှမ်းပစ်တင်လိုက်ကာ  လူကို မျက်မှန်အောက်ကနေ မီးဝင်းဝင်းတောက်နေသော မျက်ဝန်းတို့ဖြင့် စွေကာ ကြည့်နေသော
ကောက်စိန်လေးကို ချော့ဖို့ပြင်ရသည်။

" ဘာလို့ အဲ့လောက် ဒေါသတကြီးနဲ့ ပြောနေရတာလဲ
   ကိုယ် သူနဲ့ စာပို့တာမကြိုက်လို့လား။ ကိုယ် မိုင်းနောင် ပြန်မရောက်သေးတဲ့အကြောင်း၊ မင်းနားမှာ ရောက်နေတဲ့အကြောင်းပဲ ပြောတာပါကွာ ၊ ရော့!...ဒီမှာ ပို့ထားတဲ့
စာတွေ မယုံရင် ဖတ်ကြည့် "

" မင်း  စော်နဲ့ ပြောထားတဲ့စာတွေ ငါကဖတ်စရာလား ! "

"ကဲ...စိုင်းဟန်လျှမ်း ရေ ...မဆိုးနဲ့ကွာ "


"  -ီး လား!! "


"ဟေ့ ! ဘာလို့ ဆဲနေတာလဲ ရိုင်းရိုင်းစိုင်းစိုင်း "


"ဆဲတော့ ဘာဖြစ်လဲ ! "

သန့်စင်ထွန်းမှာ ဖြောင့်မရအောင် ကွေးကောက်ပြနေသော ဟန်လျှမ်းကို ကြည့်ကာ လူဟာ ရူးချင်လာ၏။
သူလေးနား ရောက်တုန်း  အတူတူ လည်ပတ်ရအောင် အစီအစဉ်တွေ ဆွဲနေရပေမယ့် အခြေအနေက မဟန်ပါ။
အဝတ်ထုတ်ဆွဲကာ ပြန်ခိုင်းနေပြီမို့ ။

ဟန်လျှမ်း သူ့အရှေ့က ကလန်ကုလား၊ လောရှည်ကောင်၏ မျက်နှာကို ခါးထောက်ကာ စိုက်ကြည့်နေလိုက်သည်။
ရုပ်ကို  သံပရာသီး အလုံးလိုက်ညှစ်သောက်ထားတဲ့ရုပ်နဲ့။
ရှုံ့တွ ပြနေလိုက်တာ ကြက်မဖင် အရှုံးပေးရလောက်တယ်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now