Teacher is mine🧑🏼‍🏫📚{U}

4K 43 1
                                    

(Unicode)

◾◾◾◾◾

"ဂျွန်ဂျောင်ကု!!!....စာအုပ်ကို ကြည့်စမ်း"

"စာအုပ်ကိုမကြည့်ချင်ပါဘူး....ဆရာ့မျက်နှာလေး
ကိုပဲ ကြည့်ချင်တာ"

"မင်း!!..မင်းဟာလေ ပြောလေဆိုး‌လေပဲ...
မသင်ချင်ရင် အပြင်ထွက်!!
ကျန်တဲ့သူတွေ စာအုပ်ကိုဆက်ကြည့်"

"Nae~" - All

"အပြင်တော့ မထွက်ချင်ပါဘူး...စာအုပ်ကို ကြည့်
ရင်ရပီမှတ်လား! "

"အဲ့ဆို....page 89ကိုဖွင့်"

ကင်ထယ်ယောင်းတစ်ယောက် ‌ဂျွန်ဂျောင်ကု
ဆိုတဲ့ အပေအတေ သူဠေးသားလေးကို
စာမျက်နှာပြောလိုက်ပြီး စာဆက်သင်လိုက်သည်။
လမ်းလျှောက်ကာ စာတွေရှင်းပြနေရင်း
ဂျောင်ကုအနားရောက်တော့ စာအုပ်ကို
မကြည့်ဘဲ စာတွေကုန်းရေးနေပြီး လက်ထဲကို
လာထည့်တာကြောင့် ယူထားလိုက်သည်။
ကျောင်းသားကျောင်းသူတွေက
သူတို့နှစ်ယောက်ကို မကြည့်ဘဲ ရှင်းပြနေတာကိုသာ လိုက်မှတ်နေလေသည်။
မမှတ်လို့လဲ မရဘူးလေ မထင်ရင်မထင်သလို
စာတွေမေးတဲ့ ကျောင်းဆရာ ထယ်ယောင်းလေး
ကို တုန်နေအောင် ကြောက်ကြလေသည်။
စာနှင့် ပတ်သက်ရင် အလွန်ဆိုးသော ဆရာဟု
နာမည်ကြီးသည်....ဒါကို မကြောက်သူကတော့
တစ်ကျောင်းလုံးလူဆိုးလူမိုက်ဟု သိထားသော
အမောင်ဂျွန်ဂျောင်ကုပင်....
တစ်ကျောင်းလုံး မသိသေးသောအကြောင်းမှာ
ထယ်ယောင်းနှင့်ဂျောင်ကုက တိတ်တိတ်ပုန်း
ချစ်သူတွေ ဖြစ်သည်။

ထယ်ယောင်းလဲ လက်ထဲက စာကိုဖတ်လိုက်တော့
"ညနေကျောင်းဆင်းရင် Toilet ထဲမှာ
ခနစောင့်နေ baby" ဆိုသည့် စာလေးကြောင့်
ရှက်ပြုံးလေးပြုံးလိုက်မိသည်။
မကြာ စာသင်ဖို့ကို စိတ်ပြန်နှစ်လိုက်သည်။

ကလင် ကလင် ကလင်

ထယ်ယောင်း သူ့အတန်းချိန်ပြီးတာကြောင့်
ရုံးခန်းထဲကိုသာ ပြန်လာလိုက်သည်...

"ဆရာထယ်ယောင်း....ပြန်လာပြီလား
ကျွန်တော်တို့ အခုလေးတင်တိုင်ပင်နေတာ
ကျောင်းလေ့လာရေးခရီးအတွက်
အဲ့ဒါ ဆရာကင်မ်ရောက်လာပြီဆိုတော့
ဆက်ဆွေးနွေးကြမယ်လေ"

BLACK {Warning Book} ⚠️Where stories live. Discover now