Online Lover📱💌{U}

4.5K 69 1
                                    

(Unicode)

◾◾◾◾◾

မနက်ခင်းလေးတစ်ခုမှာ V
အိပ်ချင်မူးတူးဖြင့် ဖုန်း message
ကို ကြည့်လိုက်မိသည်နှင့် အပြုံးကအသက်
ဝင်လွန်းနေသည်။

JK နဲ့ V က အွန်လိုင်းပေါ်မှာ စကား‌ပြောရင်း
ချစ်သူဖြစ်ခဲ့ချင်းပင်။သူတို့နှစ်ယောက်
ချစ်သူသာဖြစ်နေတာအပြင်မှာ လူကိုယ်တိုင်
မမြင်ဖူး‌တဲ့အပြင် ဖုန်းလဲ တစ်ခါမှ ‌မပြောဖူးပင်။တစ်ယောက်နဲ့တစ်ယောက်တော့ အရမ်းပင် ချစ်ကြသည်။

*Bae....နိုးပီလား?အချစ်ကလေးရေ...ထတော့နော်
ဒီနေ့ interview သွား‌ဖြေရမှာဆို..အလုပ်နောက်ကျ
နေအုန်းမယ်..ကိုကိုခလေးလေး*

*နိုးပါပီ....ကိုကိုရေ..... Bae အခုပဲရေချိုးတော့မှာ*

*ဟုတ်ပါပီ...ရေကိုအကြာကြီးချိုးမနေနဲ့*

*ဟုတ်...ကိုကို*

*အဲ့ဆို ကိုကိုအလုပ်သွားတော့မယ်နော်..ကိုကို့
Bae‌ လေး အလုပ်မှာအဆင်‌ပြေပါစေ...
ချစ်တယ်နော် မွမွ fighting*

*Bae လဲ အများကြီးချစ်တယ်နော် ကိုကို မွမွ
Fighting*

Messageတွေအပြန်အလှန်ပို့ပြီးတော့မှပဲ
Taeလေး အိပ်ယာမှထကာ ရေဝင်ချိုးတော့သည်။

အားလုံးပြီးစီးမှ ဖိုင်တွေမကျန်အောင် သေချာစစ်
ဆေးပီး တိုက်ခန်းတံခါးပိတ်လိုက်ကာ ကားငှားရန်
ဖုန်းဆက်လိုက်တော့သည်။

▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️

ကော်ဖီခါးခါးတစ်ခွက်ကို သောက်ရင်း သတင်းစာ
ယူဖတ်‌လိုက်သည်။

"Boss.....ကားအဆင့်သင့်ဖြစ်ပါပီ"

"အဲ့ဆို...သွားမယ်"

အပြာရောင်ကားပေါ်တက်သွားသူမှာ အခြားသူ
မဟုတ်၊အားလုံးလေးစားအားကျရသည့်
TK Company's CEO Jeon Jungkook
ဖြစ်သည်။Korea နိုင်ငံရဲ ့ No.1 အချမ်းသာဆုံး
စာရင်းဝင်ဖြစ်သည်။
ခန့်ညားပြီးတည်ငြိမ်သောပုံစံမှာ ပျိုတိုင်း
ကြိုက်တဲ့နှင်းဆီခိုင်ဆိုလဲ မမှားပေ။

"Boss~ကျွန်တော် ဟိုနားက market မှာ...ဆေး
ဝယ်ချင်လို့....အဲ့...ဒါ"

"သွားလေ.....မကြာစေနဲ့"

BLACK {Warning Book} ⚠️Wo Geschichten leben. Entdecke jetzt