"  ဝေါင်း! ...ကျွန်တော့်လေးလေး လူပျိုကြီးက ဘယ်ဆိုးလို့လည်းဗျ"

"အဲ့လူပျိုကြီး ဆိုတာ ထည့်ထည့်မပြောနဲ့  မင်းကို ထိန်းလာရလွန်းလို့ ဒီဘဝရောက်နေတာကွ "

"မစွံရင် မစွံဘူးပေါ့ဗျာ "

မြို့အဝင်ကတည်းက စကားတပြောပြောနှင့် မောင်းနှင်လာရာ မြို့ထဲမှ အိမ်ကို ရောက်သည်နှင့်  ခန့်စေမှာ ကားပေါ်မှ ပစ္စည်းများ ပြီးအောင် ချနေသည်ကိုပင် မစောင့်နိုင်တော့။ အဝတ်လဲဖို့လည်း
သတိမရ အိမ်အပေါ်ထပ်မှ အိပ်ခန်းစီ အပြေးအလွှားတက်ကာ
စီးတော်ယာဉ်  ဆိုင်ကယ်သော့အား အံဆွဲထဲမှ ခပ်မြန်မြန်ယူပြီး
ခြံထဲရှိ ဂိုဒေါင်အတွင်း ၂နှစ်တိတိ ပစ်ထားခံရသော ဆိုင်ကယ်အား ထုတ်ယူရန် အောက်ထပ်ကို အပြေးအလွှား ပြန်ဆင်းလာချိန်  အိမ်ထဲဝင်လာသော လေးလေးမှာ ခန့်စေလက်ထဲမှ ဆိုင်ကယ်သော့ကို မြင်၍ မေးလာ၏။

"ဒီအချိန်ကြီး ဆိုင်ကယ်သော့ကိုင်ပြီး ဘာလုပ်မလို့လဲ ခန့်စေ"

"ကျွန်တော်သွားစရာရှိလို့ "

"မင်းနှယ့်ကွာ မနက်မှ သွားပါ မနေ့ကတည်းက တောက်လျှောက် ခရီးနှင်လာရတာ မပင်ပန်းဘူးလား "

" အဲ့ပင်ပန်းမှုက သူ့မျက်နှာမြင်ရမှ ပြေမှာဗျ  ဒါတွေ အကျယ်တဝင့်
  ရှင်းပြလည်း လေးလေး က လူပျိုကြီးလေဗျာ ဘယ်သိပါ့မလဲ
    ကျွန်တော်သွားပြီ လေးလေး! ...."


"ဟေ့ကောင် ! ခန့်စေထွဋ်နောင်  "

ဂိုဒေါင်ဘက်ပြေးကာ ဆိုင်ကယ်ကြီး ထုတ်လာသော တူတော်မောင်ဟာ သူ့ချစ်ရသူကို တွေ့ရဖို့ အဲ့လောက်တောင် အူမြူးနေသည်တဲ့လား။

"ဆိုင်ကယ်ကို ဖြည်းဖြည်း စီးအုန်း !"

ဟုတ်ကဲ့ !....ဝူး~~~~

ဟုတ်ကဲ့သာ ပြောသွားတယ် ဒီကလေး လောလောနဲ့ Helmetမဆောင်းသွားပြန်ဘူး။

~~~~~~~

ည ၉နာရီပင် ထိုးလုနီးနေပြီ။ လမင်းမှာ အိပ်ယာမဝင်ဖြစ်သေးပဲ
နေ့လည်က လျှော်ဖွတ်ထားသည့် အမေ့ ထဘီများအား မီးပူထိုးပေးနေခြင်းဖြစ်၏။ 
အနီးအနားတွင် ချထားသော ဖုန်းကိုလည်း ခဏ ခဏ ဆိုသလို လှမ်းကြည့်နေမိ၏။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now