*ဒီကောင် မိုင်းနောင် ဆိုတဲ့ အသံကြားတာနဲ့ ပုံစံကတစ်မျိုး။*

သိပ်ပင်မကြာလိုက်ပါ ကားအရှေ့မီး၏ ဖြန့်ကျက်ထွန်းလင်းပေးသော မီးအလင်းရောင်ကြောင့် မြင်လိုက်ရသော   မိုင်းနောင်မြို့ အဝင် ဆိုင်းဘုတ် ကို
ခန့်စေ မြင်လိုက်ရချိန်.....

"ဟား~~~ မောင် ပြန်ရောက်ပြီ မောင့်လမင်းရေ "

ခန့်စေနှုတ်မှ ထွက်လာသော အထူးအဆန်းစကားကြောင့် ဘေးမှ ဦးလေးဖြစ်သူမှာ ..

" ဘယ်က မောင်၊ ဘယ်က လမင်းလဲ ခန့်စေ "

"ပြောပြစရာလားဗျ လေးလေးကလည်း "

"ဟေ့ကောင်! ငါ မင်းဦးလေးကွ မင်းငါ့ကိုမှ မပြောပြရင်
  ရန်ကုန်ပြန်သွားတဲ့ မင်းအဖေကို လှမ်းပြောပြဖို့လား
    ပြော...ကျောင်းသွားတတ်ဖို့ပြောတုန်းက အင်းအဲ..
       လုပ်နေတာ မင်းအဲ့ကတည်းက ရည်းစားထားနေလို့မလား
     ငါ့တူက ငါ့ကိုတောင် လျှိုထားတာပဲ ...."


"မလျှိုရပါဘူးဗျာ နောက်ပိုင်း သိလာလိမ့်မယ် "

"ဟေ့ကောင် ! နောက်မှတွေ နောက်ဘဝမှတွေ မလိုချင်ဘူး
  အခုပြော! "

"ဟာဗျာ ! လေးလေးကလည်း  မိန်းမကြီးကျနေတာပဲဗျာ အရမ်းစပ်စုတာပဲ "


" မင်းဦးလေး အနေနဲ့ မင်းရဲ့ လက်ရှိအုပ်ထိန်းသူ အနေနဲ့
    ကိုယ့်တူကိုယ့်သား ဖြစ်တဲ့ မင်း အချစ်ရေးအကြောင်း
    အကြမ်းဖျင်းတောင် မင်းပြောလို့ သိထားရမယ့်
  အခြေအနေမှာ ရှိမနေသင့်ဘူးလားကွ! "


" ကျွန်တော် သူ့ကို ကျွန်တော် ၈တန်းကတည်းက ချစ်ခဲ့တာ
   တွဲလည်း တွဲနေပြီ  တစ်ခုပဲ ကျွန်တော် ချစ်လွန်းလို့ ဖွင့်ပြောခဲ့ရတဲ့သူက မိန်းကလေးမဟုတ်ဘူး လေးလေး "


"  ဟေ .... "

"ဟုတ်တယ် ကျွန်တော့်ချစ်သူက ယောကျာ်းလေး "


"......."


"လေးလေး ဒယ်ဒီ့ ကို လှမ်းတိုင်လည်း ကျွန်တော်က
မကြောက်ဘူးနော် "


"ဟေ့ ဟေ့ ! မင်း ငါ့ကို အထင်သေးလှချည်လားကွ
  ငါတို့ညီအကိုတွေက မင်းရွေးချယ်မှုတိုင်းကို ကန့်ကွက်ဖို့
   တစ်ခါမှ မတွေးဖူးဘူးကွ ! တစ်ခုပဲကွာ ငါ့တူ မုန့်ကြိုးလိမ်လို ကွေးလိမ်နေတာ မရိပ်မိတာ၊ မင်းရဲ့ လိင်စိတ်တိမ်းညွတ်ရာက မင်းရွေးချယ်မှုပဲ မင်းဒယ်ဒီတို့၊ လေးလေးတို့ ရွေးချယ်ပေးလို့မရဘူး
ဘာပဲဖြစ်ဖြစ် ကြုံလာရမယ့် ရိုက်ခတ်မှုတွေကို မင်းတို့ ခံနိုင်ရည် ရှိရမှာပေါ့၊ မင်းအနောက်မှာ မင်းမိသားစုနဲ့ မင်းကိုနားလည်ပေးနိုင်တဲ့ မင်းသူငယ်ချင်းတွေ ရှိတယ်
ရွေးချယ်ထားတဲ့ ဘဝလမ်းကို ငါ့တူက ရဲရဲလျှောက်လှမ်း
လေးလေးပြောတာကြားလား "
 

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now