ကန်တင်းမှာထိုင်နေကြတဲ့ဝိုင်းတွေက ကောင်မလေးတွေကလည်း သူတို့ဝိုင်းဘက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ သိသိသာသာရော မသိမသာပါ ကြည့်နေကြတာဖြစ်သည်။
ဓာတ်ပုံရိုက်တဲ့သူတွေက မသိအောင်ရိုက်ယူပြီး
တင်လိုက်ပြီးပြီဖြစ်သည်။

"ငါတို့ကျောင်းက မောင်လေး Team နဲ့ ကိုကြီး Team in one frame ကောင်မတွေရေ..!!"

comment: "ဟယ် ငါဒီနေ့ကျောင်းမတက်မိတာကိုအကြီးအကျယ်နောင်တတွေရဟေ့။ခုချက်ချင်းထလာရင် မှီလောက်လား?"

comment: "ဘယ်လို ခုအတူတူထိုင်နေကြတာလား ငါခုချက်ချင်းပြေးလာပြီ"

comment: "ဟဲ့ အသက်တောင်ဖြည်းဖြည်းရှူသွင်းနေရတယ် Visualကြီးတွေက သေလို့ရတယ်ဟယ်"

comment: "တစ်ယောက် typeတစ်မျိုးစီနဲ့ လုံးဝကိုငါ့စတိုင်တွေပဲ လေးယောက်လုံးက"

comment: "လေးယောက်လုံး ယူ!!"

စသည်ဖြင့် ကြူးတဲ့commentsပေါင်းထောင်ချီကမိနစ်ပိုင်းအတွင်း တက်လာသည်။
ကြူးရမယ်ဆိုရင် တကယ်တက်ညီလက်ညီရှိကြတဲ့ အဖွဲ့တွေဖြစ်သည်။

"Hyung တို့အတန်းချိန်ရှိသေးတာမို့ သွားလိုက်အုံးမယ်....နောက်ထပ်အချိန်ရရင်ထပ်ဆုံကြတာပေါ့"

"ဟုတ်ကဲ့"

"သွားလိုက်အုံးမယ်"

"ဟုတ်ကဲ့ Hyung"

နှစ်ယောက်လုံးသေချာနှုတ်ဆက်ပြီး ထွက်သွားကြသည်။

"Tae Hyung"

"...."

"Kim Tae Hyung"

"...."

ဖြန်း!!
လက်မောင်းကို အားထည့်ပြီးနာနာလေးရိုက်ပေးလိုက်သည်။

"အားးနာတယ်ကွ"

"ငါခေါ်နေတာကျ ကြားလို့လား"

"ခေါ်တာလား မသိလိုက်ဘူး"

"ဘယ်သိမလဲ မင်းလိုက်ကြည့်နေတာ မျက်လုံးကြီးကပ်ပါသွားပြီလားတောင်မသိဘူး"

"ငါတကယ်ပါကွာ အဲ့လိုခံစားချက်မျိုးခုမှဖြစ်ဖူးတာ...အတည်ရအောင်လိုက်တော့မှာ"

"မင်း တကယ်ကြီး!!"

"ငါ့ရဲ့ နေရောင်ခြည်လေး တကယ်ပဲနွေးထွေးလိုက်တာ"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now