အစောပိုင်းကတော့ သူတို့နှစ်ယောက်က လုံချန်ကို သက်သက်အရှက်ခွဲမယ်ဆိုတဲ့ သဘောလောက်
နဲ့တိုက်ခိုက်ကြတာပါ။လုံချန် ဒီလောက် ကြောက်စရာကောင်းလိမ့်မယ်လို့ မထင်ထားမိခဲ့ကြဘူး။
ဒါပေမယ့် အခုတော့ ကိုယ့်ကိုကိုယ် အသလွတ်ဘ၀င်မမြင့်ရဲတော့ပါဘူး။
သူတို့နှစ်ယောက်ရဲ့ အော်ရာတွေက အဆင့်အမြင့်ဆုံးထိ ရောက်အောင်တက်လာတယ်။သူတို့နှစ်
ယောက်ရဲ့ ဓားတွေဟာလည်း အရွယ်အစားလွန်စွာ ကြီးမားလာခဲ့ပြီး လုံချန်ထံပြေး၀င်လာခဲ့တော့
တယ်။
၀ုန်းးး … ဝုန်းး … ဝုန်းး …..
လူသုံးယောက်ရဲ့ တိုက်ခိုက်မှုကြောင့် မြေပြင်ဟာ စိစိညက်ညက်ကြေနေပါပြီ။ကျောက်တုံး အစအနေ
တွေ လေပေါ်ပလူပျံနေတာကြောင့် လူတိုင်းနောက်ကို ဆုတ်နေကြရတယ်။လုံချန်၇ဲ့ ပုံစံက စစ်နတ်ဘု
ရားတစ်ပါးလိုဖြစ်နေတယ်။လီရှင်းရှောင်၊ချီရှင်တို့ရဲ့ တိုက်ခိုက်မှုကို သူက ထိပ်တိုက်ရင်ဆိုင် တိုက်
ခိုက်နေတာပါ။

ဖုန်ဖူအကာအကွယ်ကြောင့် သူ့ရဲ့ ချီစွမ်းအင်တွေ လျှင်မြန်စွာကုန်ခမ်းလာနေတာကိုလုံချန်အာရုံခံမိနေ
တယ်။

“စွန့်စားဖို့အချိန်ကြပြီ”
လုံချန် အံကိုတင်းတင်းကြိတ်ပြီး သူ့ရဲ့ မီးဓားကို ကောင်းကင်ထက်မြှောက်လိုက်ပါတယ်။ဖုန်ဖူကြယ်မှာ
ရှိတဲ့စွမ်းအင်တွေက မီးဓားထံကို စီး၀င်သွားကြတယ်။မီးဓားက မျက်စိရှေ့မှာတင်ပဲ အလွန်တရာကြီးမား
လာခဲ့ပါတယ်။

“မိုးကောင်ကင်ကို အံတုခြင်း” လီရှင်းရှောင်နဲ့ ချီရှင် မျက်နှာတွေပျက်ကုန်တယ်။လုံချန်ရဲ့ ဒီတိုက်ကွက်
ကို သူတို့ကောင်းကောင်းမှတ်မိပါတယ်။ကွေ့ရှာနဲ့တိုက်ခိုက်တုန်းက လုံချန် ဒီသိုင်းကွက်ကိုပဲ အသုံးပြု
ခဲ့တာမလား။ယခု လုံချန် အသုံးပြုတဲ့ သိုင်းကွက်က ထိုအချိန်ကထက်ပိုပြီးတောင်ပြင်းထန်လွန်းနေ
ပါတယ်။၎င်းတို့နှစ်ယောက် အနေနဲ့ အထင်မသေးရဲပဲ စွမ်းအားကုန်အသုံးပြုပြီး ပြန်ခုခံလိုက်ရတယ်။

ပြင်းထန်လွန်းတဲ့ပေါက်ကွဲမှုကြီးကြောင့်အနီးပတ်၀န်းကျင်က လူတွေ လွင့်စင်ကုန်သလို အတော်
နီးနီးကလူတွေဆိုရင် တုံးကနဲ မေ့ကုန်ကြပါတယ်။ချီလှိုင်းရဲ့ တန်ပြန်ရိုက်ချက်ကြောင့်လုံချန်လည်း လွင့်
စင်သွားရတယ်။ချီရှင်နဲ့ လီရှင်းရှောင်လည်း အခြေအနေမကောင်းပါဘူး။သူတို့နှစ်ယောက်မှာ မြေကြီး
အောက်တောင် ရောက်သွားတဲ့အထိပါပဲ။လုံချန် အသက်ကို မျှဉ်းရှုနေရတယ်။လက်ထဲက မီးဓားလည်း
မရှိတော့သလို ကျောနောက်ကအလင်းစက်ကွင်းလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။သူ့မှာ ချီစွမ်းအင်ကုန်
လုလုဖြစ်နေပါပြီ။အိုးထဲက အမွေးတိုင်ကြီးကို ကြည့်လိုက်တော့ ကုန်ခါနီးဖြစ်နေတာဆိုတာကိုတွေ့ရ
တယ်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Место, где живут истории. Откройте их для себя