အားလုံးလဲတက်ညီလက်ညီဖြင့် အရမ်းမဝေးလှသောကြောင့်လမ်းလျှောက်လျက်သာနေကြီးအိမ်သို့ချီတက်လာသည်။
"ဟဲ့ အခုသွားလို့ရှိတယ်ဆိုအပြန်ကျငါတို့ကို တစ်ဝိုင်းနော်"
(လမင်း)"အေးပါဟဲ့"
(ပုတီး)စိမ်းစိုလှတဲ့သစ်ပင်များနှင့်အေးချမ်းလျတဲ့ လမ်းလေးဆီသို့ ခင်ကြီးတို့ ၅ယောက်လုံး စကားတစ်ပြောပြောဖြင့် တဖြည်းဖြည်းရောက်လာကြသည်။
သိပ်မဝေးကွာတော့သည့် နေကြီးရဲ့ အိမ်နားကိုရောက်လာသဖြင့်စိတ်လှုပ်ရှားကြလျက်။
"ဟားဟား ဟဲ့ ကြည့်လိုက်စမ်းနင်တို့ ဟိုမှာ~~"
ခင်ကြီးမှာမြောက်ကြွမြောက်ကြွဖြင့်ပုတီးတို့ဘက်ကိုလှည့်ကြည့်ပြီးပြောလာသည်။ ပုတီးတို့လဲခင်ကြီးညွှန်ပြသည့်နေရာကိုကြည့်လိုက်သည်။
"ဟ အပျိုကြီးဆိုင်ကယ်ကနေကြီးတို့ခြံထဲမှာပါလားဟ"
(ပုတီး)" စိတ်တောင်မကောင်းဘူး ဟဲဟဲ"
(လမင်း)အလောင်းအစားမှာနိုင်သွားသော လမင်းချိုနဲ့ခင်ကြီးမှာပျော်နိုင်သလောက်ကျန်သုံးယောက်မှာတော့မျက်နှာများရှုံ့တွလို့။
"တောက် ..ငါတို့ဆရာမကလဲ တကယ်ကိုပဲနော် ကုန်ပါပြီ အပျိုကြီးရယ်..ပိုက်ဆံတွေတော့"
(ဇင်ဇင်)"ကဲကဲ sisတို့ အခုလိုက်ကျွေးလိုက်တော့"
(ခင်ကြီး)"လာလာ ကျွေးမယ် မသဒ္ဒါရေစာတွေနင်တို့နှစ်ကောင် မျို.."
(ပုတီး)ခင်ကြီးတို့အဖွဲ့လဲမာလာရှမ်းကောဆိုင်သို့သာချီတက်လိုက်ကြသည်။
________________________
"မျိုး နိုးပြီလား""ဟင်..ဆရာမ"
"နိုးရင်လဲ ထတော့နော် ဆေးလေးသောက်ရအောင် အစားလေးလဲတစ်ခုခုစားဖို့"
"ကျွန်တော်မစားချင်ဘူး"
နေမျိုးကျက်သရေမှာသူ့ကိုကြည့်နေရာမှတစ်ဖက်က်ိုလှည့်သွားပေသည်။
"ပြောရဆိုရမခက်ပါနဲ့ကွယ် ဒို့ကဒို့ပြောနေရင် လုပ်တာပဲကြိုက်တယ်"
YOU ARE READING
Appreciate the flower you wear
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...
အပိုင်း(၂၂)
Start from the beginning