"Yes!... ဒါဆို သဘက်ခါ မနက် ၇နာရီ ခွဲလောက် လာခေါ်မယ် "
"အင်း...အင်း... ဒါဆို အကို ပြန်ပြီ အိမ်ကို တန်းတန်းမတ်မတ် ပြန်နော် သီဟ ကြားလား!"
"ဟုတ်ကဲ့ပါဗျာ See you next day moh! moh! "
အမြင်ကတ်စရာကောင်းအောင် fly kissတွေပါ လုပ်ပြနေတာမို့
လမင်း မမြင်ချင်ယောင်ဆောင်ကာ ဆိုင်ကယ် ရပ်ထားရာ နေရာဆီ သွားကာ ဆိုင်ကယ်ပေါ်တက်ပြီးသည်နှင့် အိမ်ကိုသာ မောင်းခဲ့လိုက်သည်။......
"ဘာလဲ တစ်ညလေးတောင် ဝင်တည်းလို့မရဘူးလား "
"........"
"မရလည်း ရအောင်တည်းမှာပဲ ရောက်တာနဲ့ ဖုန်းဆက်မယ် "
"......"
"အဲ့လိုမှပေါ့ ...လုပ် လုပ် စာလုပ်ဖို့ရှိတယ်ဆိုရင် ကိုယ် တောင်ကြီးရောက်မှ ဖုန်းပြန်ဆက်မယ် "
စာမေးပွဲ ဖြေပြီးထွက်လာကတည်းက ပြန်ဖို့သာ ပြင်ဆင်နေကြသော ခန့်စေတို့လေးယောက်ကို ကျောင်းက ကျောင်းအုပ်ကိုယ်တိုင်ပင် နှုတ်ဆက်ပွဲ အနေနဲ့ ကျင်းပပေးသော ပွဲကို တတ်ပြီး မနက်မှ အေးဆေးပြန်ကြဖို့ လာပြောရတဲ့ အထိ
ဆိုပေမယ့် ပြန်ဖို့သည်သာ အဓိက ။စာမေးပွဲ စကတည်းက ပြင်ဦးလွင်ကို ကိုယ်စီ ရောက်နှင့်နေကြပြီ
ဖြစ်သော မိဘတွေကြောင့်လည်း ပါမည်။အခန်းထဲရောက်သည်နှင့် အထုတ်အပိုး ကိုယ်စီ ပြင်ဆင်ထားကာ
မိဘတွေဆီမှ ရထားသော ဖုန်းဖြင့် ကိုယ်စီသာယာနေကြ၏။
အဲ့ထဲမှာ အဆိုးဆုံးက သန့်စင်ထွန်း ပင်။တောင်ကြီးရောက်သည်နှင့် သူဆင်းကျန်ခဲ့မည်တဲ့။ ဦးလေးဖြစ်သူ
လာကြိုသည်မို့ ထင်တိုင်းကြဲတော့မည့်ကောင်။တောင်ကြီးရောက်နေသည့် သူ့ဟာလေးဆီကို ဖုန်းလက်ထဲရောက်ပြီ ဆိုကတည်းက ဖုန်းဆက်ပြီး ပြောနေတာပင်။ အတော်ကြာမှ ဟိုဘက်က ခွင့်ပြုလိုက်သည် ထင်ရသည်။မျက်နှာကြီးဟာ ပြုံးဖြီးပြီး
ဖုန်းချကာ ခန့်စေ ကုတင်ပေါ်သို့လာထိုင်၏။
"ေ*ာက်ခွက်က ပြုံးဖြဲနေတာ မြင်မကောင်းဘူး မအေဘေး! "သန့်စင်ထွန်း ခြေသလုံးအား တစ်ဖက် ကုတင်ခြေရင်းတွင် ထိုင်နေသော ဝဏ္ဏ က အမြင်ကပ်ကပ်ဖြင့် လှမ်းကန်ကာ
ထောပဌာ ပြုလာ၏။ ဒါကို ခန့်စေကုတင်ပေါ်က သန့်စင်ထွန်းကလည်း ပြန်ခွပ်၏။
VOUS LISEZ
ချစ်ချင်လို့ ချစ်တာ ( Complete)
Roman d'amourခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချင်လို့ ချစ်တာ'' (ခန့်စေထွဋ်နောင်)