အပိုင်း 7

Start from the beginning
                                    

"မြင်တယ်လေ"

"ကိုကို မလိမ်ရင် ကျွန်တော် သူတို့အကုန်လုံးကို သတ်ပစ်မယ်"

Jeon Jungkook မျက်လုံးတွေက ကြောက်စရာကောင်းတယ် တဂယ်လုပ်မှာ...Jimin က တဂယ် ကြောက်လန့်ခဲ့၏

"မင်း....."

"ကိုကို....ကျွန်တော်မလုပ်ရဲဘူး ထင်နေလား"

Jimin က စိတ်လျော့ Namjoon က လွဲ ပြီး အကုန်လုံးကိုဖုန်းဆက်ကာ ခရီးသွားကြောင်း ပြောပြသည်။

"ကျေနပ်ပြီလား...."
"မကျေနပ်သေးဘူး...ကျန်သေးတယ် "

"ဘာလဲ"

"အကို့ သူငယ်ချင်း Taehyung က အထူးစုံစမ်းရေးတပ်ဖွဲ့ကမလား....ကျွန်တော် သူ့စစ်ဆင်ရေးမှာ နှောက်ယှက်လိုက်ရမလား....ဒါမှမဟုတ်... ကိုကို ရဲ့ အကိုဝမ်းကွဲကို တစ်ခုခုလုပ်ခိုင်းလိုက်ရမလား"

"Jeon Jungkook....မင်း ဘာလို့ အဲ့လိုတွေလုပ်နေရတာလဲ"

"အဟက်....ကိုကို ....ကျွန်တော်လိုချင်တာ
ပေးလိုက်လေ"

"မင်း...ဘာလိုချင်လဲ "

"ကိုကို့ ကို လက်ထပ်ချင်တယ် ကျွန်တော်ဘေးမှာပဲနေရမယ် ဘယ်ကိုမှသွားခွင့်မပြုဘူး..."

"ငါက ငှက်လား....လှောင်အိမ်ထဲမှာနေရအောင်"
"ကိုကို သာ ငှက်ဖြစ်ရင် ပိုကောင်းမယ်..."

"မင်း ဘာလို့ ငါ့အပေါ်ဒီလို လုပ်ရက်ရတာလဲ...ဘာလို့လဲ... "

"ကျွန်တော်လဲ မသိဘူး....သေချာတာတစ်ခုက ကျွန်တော် ကိုကို့ ကို လိုချင်တယ်"

"........"

Jimin က Jungkook မျက်မှောင်ကြုံကာ
ကြည့်ကာဖြင့် သူ့ရှေ့ကထွက်သွားသည်။

"ကိုကို ခဏလေး"

Jungkook က Jimin လက်လေးကို လှမ်းဆွဲလိုက်သည်။

"ဘာလဲ...ဘာလိုချင်သေးတာလဲ "

Jungkook က Jimin မျက်နှာလေးကို
သေချာစိုက်ကြည့်၏

"နာနေသေးလား...."

မနေ့က အရိုက်ခံထိထားတယ့် ပါးပြင်လေးကို
ကြည့်ကာ....

"...မင်းကိုယ့်ကိုယ်ကို ရိုက်ကြည့်ပါလား...နာလား..
မနာလား....မကောင်းဆိုးဝါး ကောင်...ငါ့အသားလာမထိနဲ့"

ကိုကို့ အတွက် လှောင်အိမ်...🚫🚫🚫 (Z+U)Where stories live. Discover now