အပိုင်း၁

Începe de la început
                                    

"ဘယ်နေရာကို ညပ်မိနေတာလဲ မသ်ိဘူး ၊ ကြည့်ရတာခြေထောက် ဖြစ်နိုင်တယ်......." ထိုလူက လက်နှိပ်ဓာတ်မီးဖြင့် အချက်အနည်းငယ်လောက် ထပ်လှုပ်ယမ်းလာပြီး ၊ ခေါင်းလှည့်၍ ဘေးနားရှိလူက်ို တစ်ခွန်း ပြောလိုက်သည်။ "ပြောမရဘူး ဗိုက်လည်း ဖြစ်နိုင်တယ် ၊ ဒီကြောင်က်ို ကြည့်ရတာ တော်တော်လေး ၀တဲ့ပုံပဲ"

သူ ၀လို့လား?ဘယ်နားက ၀နေလို့လဲ။သူ ချ်ိတ်မ်ိနေတာအသ်ိသာကြီးကို။ပြီးတော့ ညပ်နေတာလေ။ဒီလူ ဘယ်လိုအမြင်အာရုံလဲ။

သူ တော်တော်လေး မကျေမနပ်ဖြစ်စွာဖြင့် မျက်လုံးက်ို တစ်ချက် မှေးကျဥ်းလိုက်ရာ ၊ ထိုလူ၏ လိမ္မော်ရောင် ယူနီဖောင်း၀တ်စုံပေါ်ရှိ ၀င်းလက်လက် အ၀ါရောင်ကို မြင်လိုက်ရသည်။မီးသတ်သမား တစ်ယောက်ပင်။

ဤသည်မှာ ကျိရှောင်းတို့အဖွဲ့ ဒီနေ့ ပထမဆုံးအကြိမ် တိုင်ကြားမှုကို လက်ခံလိုက်ရခြင်းပင်။

ကြောင်ကိုကယ်ရတာ တော်တော်လေး စိတ်မပါလှပေ။ပြီးတော့ နံစော်နေသည့် ရေအောက်မြောင်းထဲကနေ အပြင်ကို ဆွဲထုတ်ရခြင်း ဖြစ်သည်။ကျ်ိရှောင်း မီးသတ်အဖွဲ့ကို ရောက်ရောက်ချင်းတုန်းက ၊ သူတို့အလုပ်ထဲတွင် ဒီဟာတွေပါ ပါ၀င်နေမှန်း မတွေးမိခဲ့ပေ။သို့သော်လည်း မီးလောင်နေတာနှင့် ယှဥ်လျှင် ၊ သူ နေ့တိုင်း ကြောင်ကိုသာ ဆွဲထုတ်ဖ်ို့ ဆန္ဒရှိသည်။

ကျိရှောင်း တစ်ချက်လှမ်းကြည့်လိုက်သည်။ရေအောက်မြောင်း အပိတ်နှင့် ၊ ကြောင်ညပ်နေသည့် နေရာမှာ ၊ ထွက်ပေါက်နှင့် အကွာအဝေး သိပ်မကွာခြားလှပေ။အဖုံးကို ဖွင့်၍ ဆွဲထုတ်ဖ်ို့က မဖြစ်နိုင်ချေ။

"တုတ်တစ်ချောင်းယူပြီး တွန်းထုတ်လိုက်ရင် ရတာပဲ" လင်ဇီက ခဏလောက် စဥ်းစားနေပြီး အကြံတစ်ခု ပေးလိုက်သည်။

"သေအောင်တွန်းမလို့လား?" ကျိရှောင်းက လင်ဇီကို တစ်ချက် ကြည့်လိုက်သည်။လင်ဇီ ပြန်ချင်နေတာကို သူ သိသည်ပင်။ဘယ်သူကများ အားအကုန်ခံပြီး လေလွင့်နေတဲ့ ကြောင်တစ်ကောင်ကို ဆွဲထုတ်ချင်ပါ့မလဲ။

"ကားပေါ်မှာ ကြိုးခွင်းပစ်တဲ့ကြိုး ရှိတယ်မဟုတ်လား ၊ လှမ်းပစ်ပြီး ဆွဲကြည့်ရအောင်?"

ကိုးချောင်းမြောက်အမြီးUnde poveștirile trăiesc. Descoperă acum