‌‌စကားမဆုံးသေးပုံရပေမယ့်ထိုသူကခေါင်းအသာမော့ကာသက်ပြင်းတစ်ချက်ရှိုက်သည်။ ကြည့်ရတာထူးထက်စေရဲ့ဘဝကအတော်လေးခက်ခဲခဲ့လို့ထင်ပါရဲ့......။


"ခင်ဗျားသိလား...ကျွန်တော်ကကံမကောင်းပေမယ့် အနည်းဆုံးတော့မိဘနဲ့အတူတူနေခဲ့ဖူးသေးတယ်......မိဘဆိုတာဘာမှန်းသိခဲ့သေးသလို မိဘမေတ္တာလည်းခံစားဖူးတယ်......တစ်ခါကဆိုကျွန်တော့်မိဘအကြောင်းတွေပြောပြမိလို့ သူကကျွန်တော့်ကို ' မိဘနဲ့အတူတူနေရတာအရမ်းပျော်ဖို့ကောင်းတာလား ' လို့မေးဖူးသေးတာ......"


ပြောနေတဲ့လူကတော့ဘယ်လိုနေမလဲမသိပေမယ့်လင်းလက်ရင်ထဲတော့နင့်ခနဲဖြစ်သွားမိသည်။ လင်းလက်မိဘမဲ့ကလေးတွေကိုစေတနာ့ဝန်ထမ်းအနေနဲ့ဆေးသွားကုပေးနေကျမို့ကလေးတွေရဲ့ခံစားချက်ကိုနားလည်နေကျပင်။ မိဘမဲ့တစ်ယောက်ကမိဘမေတ္တာကိုဘယ်လောက်တောင်တမ်းတနေရှာမလဲဆိုတာကိုလည်းလင်းလက်ဝင်ခံစားပေးလို့ရပါ၏။ ဒါပေမယ့်ဒီကောင်လေးကျမှဥပက္ခာပြုထားခဲ့မိသလိုများဖြစ်သွားလေသလား......။


"ကောင်လေး......"


ခေါ်သံခပ်ကျယ်ကျယ်နဲ့အတူအနားကိုလျှောက်လာတဲ့ထည်ဝါကိုအခြေအနေမေးဖို့ပြင်လိုက်မိပေမယ့် သူ့ကိုကျော်ကာတစ်ဖက်လူဆီလျှောက်လှမ်းသွားတာမို့လင်းလက်အတော်လေးစိတ်လေသွားသည်။
ဒီလင်ထိပ်ထားစံကောင်ကတစ်မှောင့်......။


"အရမ်းမစိုးရိမ်နဲ့တော့နော်...ထူးထက်စေကအဆင်ပြေသွားပါပြီ......ကိုယ့်ကိုယုံတယ်မဟုတ်လား......"


ကောင်လေးမျက်နှာလေးကိုခပ်ဖွဖွထိတွေ့ပြီးပြောလိုက်တော့သူ့လက်ကိုပြန်အုပ်ကိုင်ကာခေါင်းညိတ်ပြရှာသည့်ကလေးလေး။ ထည်ဝါလည်းခပ်ဖွဖွပြုံးလိုက်ပြီးမှတစ်ဖက်ပိုကြည့်မိတော့လင်းလက်တစ်ယောက်စူပုတ်ကာစိုက်ကြည့်နေလေသည်။ ကောင်လေးကိုကြည့်ပြီးမှချက်ချင်းအကြည့်လွှဲလိုက်မိ‌လို့ထင် ၊ လင်းလက်ရုပ်ကဘီလူးသံပုရာသီးကိုက်ထားသည့်ရုပ်နှင့်တောင်တူနေသေး၏။


"ငါ့ကိုမပြောဘဲဘာဖြစ်လို့မင်းဟာလေးကိုသွားပြောနေရတာလဲ......"


Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now