"မေပယ်လ်ရွက်တွေရဲ့အဓိပ္ပါယ်က ဆောင်းဦးကိုကြိုဆိုခြင်းတဲ့...
ရာသီဥတုက အေးလာပြီ
နှင်းက မကြာခင်ကျတော့မှာ...
နှင်းကျတဲ့အချိန်ကျရင် မေပယ်လ်ရွက်တွေကို နှင်းဖုံးသွားလိမ့်မယ်။
အဲ့အချိန်မတိုင်ခင်
လိမ္မော်နီရောင်မေပယ်လ်ရွက်တွေကြားထဲ ငါမင်းနဲ့အတူ လမ်းလျှောက်ချင်သေးတယ်"

"ဆိုလိုတာက...."

"ငါမင်းကိုစောင့်နေမယ် အသက်...
တကယ်လို့ ကံကောင်းရင် ပထမဆုံးနှင်းစကျတာကို ငါတို့အတူတူကြည့်လို့ရတယ်။
ကိုးရီးယားမှာ ဆောင်းတွင်းရဲ့ပထမဆုံးနှင်းစကျတာကိုအတူတူကြည့်ခဲ့မယ်ဆိုရင် သူတို့တွေက ထာဝရအတူနေသွားကြရတယ်တဲ့..."

"လေးလေးငယ်က အဲ့လိုတွေကိုယုံမယ်လို့ကျွန်တော်မထင်ထားဘူး"

သက်ပိုင် သဘောတကျပြုံးလျက်ပြောလိုက်တော့ လေးလေးငယ်က ရယ်သည်။

"ဦးပိန်တံတားကိုတောင် အတူအဆုံးလျှောက်ခဲ့ပြီးပြီမဟုတ်လား...
အဲ့ယုံတမ်းကိုမင်းအရင်စပြောခဲ့တာလေ။
ဘာလို့လဲ မကြိုက်လို့လား"

"ကြိုက်တာပေါ့ဗျာ...အရမ်းကိုကြိုက်ပါတယ်"

"ချစ်တယ်အသက်"

"ကျွန်တော်က ပိုချစ်ပါတယ်ဗျာ"

"ငါမင်းကိုစောင့်နေမယ်"

"မကြာခင်တွေ့ကြမယ် လေးလေးငယ်"

*နောက်တစ်နေ့*

နေရောင်ခြည်ဖျဖျလေးဟာ ဦးခေါင်းထက်သို့ဖြာကျလျက်။
လေပြေအေးများ တချက်တချက်တိုးဝှေ့တိုက်ခက်သွားသည်နှင့်အမျှ သစ်ရွက်ကလေးများဟာလည်း လေထဲ၌ တလွှင့်တလူး။

ကြွေကျလာတဲ့သစ်ရွက်ကလေး
တွေကိုလက်နှင့်ဖမ်းကြည့်မိတော့ သစ်ရွက်ခြောက်ကလေးတရွက်က လက်ဝါးထဲသို့ ကျရောက်လာ၏။

နေ့လယ်ခင်းရောက်ပြီဖြစ်သော်ငှား
သက်ပိုင်၏အဆက်အသွယ်အား အခုထိမရသေး။
အဝင်ကောလ်များလည်းမရှိသလို Messageပို့ထားသည်လည်းမရှိ။

အခုချိန် မြန်မာမှာပဲလား
ဒါမှမဟုတ် လေယာဥ်ပေါ်မှာပဲလား....
ဒါမှမဟုတ်သေးရင် ဒီကိုများရောက်နှင့်နေပြီများလား။

In Love With An Old Mafia(Complete)Where stories live. Discover now