'မင်းက ငါ့ချစ်သူလေ'ဆိုတဲ့စကားအား သက်ပိုင် အသံသွင်း၍သာ ထပ်ခါထပ်ခါနားထောင်ချင်မိသည်အထိ ကျေနပ်
သွားရသည်ဆိုလျှင်
မမှား။
ထို့ကြောင့် ခေါင်းအားအဆက်မပြတ်
ငြိမ့်ရင်း အားကြိုးမာန်တက်နှင့် ဖုန်းမှတဆင့် ထောက်ခံလိုက်တော့သည်။

"အင်း ကျွန်တော်က လေးလေးငယ်ရဲ့ချစ်သူ... ဒါကြောင့်လေးလေးငယ်က သဝန်တိုပိုင်ခွင့်ရှိတယ် လေးလေးငယ်မှန်တယ်"

"ပြီးတော့
ကျွန်တော်က လေးလေးငယ်တစ်ယောက်တည်းကိုပဲ ချစ်တာပါဗျာ။
နှလုံးသားထဲလည်း လေးလေးငယ်တစ်ယောက်တည်း ရှိတာ
မျက်လုံးထဲလည်း လေးလေးငယ်တစ်ယောက်တည်း မြင်တာ"

".....ရှုပ်ရှုပ်ယှက်ယှက်တွေငါမကြိုက်ဘူးနော် အသက်"

"လေးလေးငယ် မကြိုက်တာကျွန်တော်မလုပ်ပါဘူး"

"လိမ္မာတယ် ပေါက်စ"

လေးလေးငယ်၏ ချီးကျူးစကားကြောင့်သက်ပိုင် ပြုံးလိုက်မိသည်။
လေးလေးငယ်သာဘေးမှာရှိရင် သူ့ခေါင်းလေးကိုပုတ်ပေးမှာအသေအချာ။
သူ လေးလေးငယ်ကို သိပ်ကိုလွမ်းနေပြီးဖြစ်သည်။

"လေးလေးငယ် ဘယ်တော့ပြန်လာမှာလဲဟင်...ကျွန်တော်လွမ်းလှပြီ"

"....."

"ဖြစ်နိုင်ရင် ကျွန်တော်ကိုယ်တိုင်ပြေးပြီးလာတွေ့ချင်မိတဲ့အထိ၊
လာလို့ရမလားဟင် လေးလေးငယ်"

ထိုအခါ လေးလေးငယ်ဘက်မှာ ဖုန်းအား တီကနဲချသွားသဖြင့် သက်ပိုင်အနည်းငယ်ဝမ်းနည်းသွားသည်။
ဒါက မလာနဲ့ဆိုတဲ့သဘောလား...။

စက္ကန့်ပိုင်းအကြာတွင်တော့ ဗီဒီယိုကောလ်တစ်ခုဝင်လာပြီး လေးလေးငယ်ဆီမှဖြစ်သည်။
သက်ပိုင် ဖုန်းအားပြန်လည်ဖြေကြားလိုက်တော့ ဖုန်းစခရင်ပေါ်၌ လိမ္မော်နီရောင်
မေပယ်လ်ရွက်တွေကိုမြင်တွေ့လိုက်ရသည်။

ထို့နောက် ကင်မရာအား ပြန်လည် လှည့်လိုက်သည့်အတွက် သူ၏လေးလေးငယ်၏မျက်နှာလေးက မေပယ်လ်ရွက်များနေရာ၌အစားထိုး ပေါ်ထွက်လာ၏။

"မေပယ်လ်ရွက်တွေကိုမြင်လား သက်ပိုင်"

သက်ပိုင် ခေါင်းငြိမ့်ပြလိုက်သည်။

In Love With An Old Mafia(Complete)Där berättelser lever. Upptäck nu