"အဲ့ဒါဆို ငါသူ့ဆီဘယ်အချိန်သွားရမလဲ"

"ခဏနေပါအုံး ငါပြန်ပြောမယ်"

"မြန်မြန် ပြောပြောပေး"

"အေးပါကွာ ခုမှမြန်မြန်တွေ နှေးနှေးတွေလုပ်မနေနဲ့...ခုငါသွားလည်းအတွေ့ခံမှာမဟုတ်ဘူး။
ညကျရင်ဖုန်းထပ်ဆက်ကြည့်ပြီး ငါပြန်ပြောမယ်"

"ပြီးရော"

"ငါလည်း ပြန်တော့မယ်...အန်တီ့ကို သွားနှုတ်ဆက်လိုက်အုံးမယ်"

"အန်တီ ပြန်လိုက်အုံးမယ်ဗျ။နောက်မှ ထပ်လာခဲ့ပါမယ်"

"ညစာစားသွားလေ သားရဲ့ သိပ်မကြာတော့ဘူးအန်တီပြင်လို့ ပြီးတော့မှာ"

"နောက်နေ့မှပဲ စားတော့မယ်ဗျ... မေမေမှာထားတာလေးတွေ အပြန်ဝင်ဝယ်ပေးရမှာမို့ နောက်ကျမှာစိုးလို့ အန်တီ"

"အေးပါကွယ် နောက်ရက်တော့ဆက်ဆက်လာခဲ့နော်"

"ဟုတ်ကဲ့ဗျ"

"ဂရုစိုက်နော် သား"

"ဟုတ် အန်တီ"

"ငါ ပြန်ပြီ ဟေ့ကောင်"

"...."

"ဟေ့ကောင် ပြန်ပြီလို့ ငေးငေးငိုင်ငိုင်နဲ့ ဘာဖြစ်နေတာလဲ ရုပ်က"

"ဟေ ပြန်ပြန်"

မနက်ဖြန်တော့ သွားတွေ့ရင်ရမှာပါ။
ဒါပေမဲ့ ဘယ်လိုရှင်းပြရမလဲဆိုတာတော့ သူကိုယ်တိုင်လည်းသေချာမသိ။

_______________

နောက်နေ့မနက် Jiminတို့အိမ်ဘက်ထွက်လာခဲ့သည်။

"အန်တီ Jiminရော"

"Jimin က သားYoongi နဲ့အတူတူလိုက်သွားတယ်သားလေးရဲ့"

"ဟင် Yoongi"

"ဘယ်သူလဲဟင် အန်တီ"

"Busanမှာ သားသူငယ်ချင်းနဲ့ရင်းနှီးလာတဲ့သူလေ ဒီကိုကိစ္စရှိလို့တဲ့ ဒီမနက်အစောရောက်လာတော့ သားသူငယ်ချင်းက အဖော်လိုက်သွားပေးတယ်...မုန့်စားကြမယ်ပြောတာပဲသားရေ"

"ဟုတ်ကဲ့ပါ အန်တီ သားပြီးမှထပ်လာခဲ့မယ်နော်"

"အေးပါကွယ် "

Busanကို လပိုင်းလောက်လေးသွားတာကို မင်းကဘယ်သူတွေနဲ့ ရင်းနှီးလာတာလဲ Jimin...
ဖုန်းဆက်ကြည့်လိုက်ရင် ကောင်းမလား?
ကောင်းပါတယ် ဆက်သာဆက်လိုက် Jungkook..

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now