"ငါမေးချင်တာက မင်းရည်းစားထားမှာလားလို့"

"အင်းပေါ့ ရည်းစားကတော့ထားရမှာပေါ့။ ငါသဘောကျတဲ့သူတွေ့ရင်"

"ဟိုဟာလေ မင်းကဘယ်လိုလူမျိုးကိုသဘောကျလဲ"

"အင်း ဘယ်လိုပြောရမလဲ ငါလည်းသေချာတော့မပြောတတ်ဘူး။ "

"ပြောမနေပါနဲ့တော့ "

"စိတ်ရှည်ပါကွာ မင်းကလည်း...သဘောကျတဲ့ပုံစံဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး"

"သိပြီ"

"ဘာလုပ်မလို့မေးတာလဲ မင်းက"

"ဒီအတိုင်းပဲ သိချင်လို့...ထားလိုက်တော့ သွားရအောင်"

"အေး ညနေကျောင်းပြန်ရင် ဂိမ်းဆိုင်လိုက်ထိုင်ပေးအုံးနော် "

"စားမေးပွဲရက်နီးလာရင်တော့ ငါလိုက်မထိုင်ပေးနိုင်ဘူးနော်။ မင်းအိမ်ကိုပြန်တိုင်မှာ"

"အေးပါကွာ သိတယ်။ ညနေကျရင်မုန့်ဝယ်ကျွေးမှာမို့ ပြန်တော့မတိုင်လိုက်ပါနဲ့။ ဂိမ်းကအိမ်မှာဆော့ရတာသိပ်မမိုက်ဘူး မေမေကဆူမှာ မရဘူး"

"ငါသိတယ်"

"အဲ့တော့ ပြန်မတိုင်ဘူးမလား"

"အေး မတိုင်ဘူး"

ဂိမ်းဆိုင်မှာ မုန့်စားရင်းလိုက်စောင့်ပေးရတာက Jimin ညနေတိုင်းလိုလို လုပ်ပေးရတဲ့အလုပ်ပင်။

Jung Kookရဲ့ ဂိမ်းဆော့နေတဲ့ ပုံစံကလည်း တစ်မျိုးဆွဲဆောင်မှုရှိတာမို့ အနားကနေထိုင်ကြည့်နေရတာကို သိပ်သဘောကျရသည်။

"ညနေ တော့ပိုကီစားမှာနော်"

"အေးပါကွာ သိတယ်"

မုန့်လည်းစားရ Crushကိုလည်း အနီးကပ်မြင်နေရတာ Park Jimin တို့အတွက်အရှုံးမရှိ အမြတ်ချည်းသာ...။

Note_ဒါလေးကတော့ နည်းနည်းတိုသွားတယ်။နောက်အပိုင်းတွေ ရှည်ရှည်လေးရေးပေးပါမယ်ခ❤ KooChimmy58

Zawgyi

"Jung kook ခဏ"

"ဟမ် Jimin..ဘာလို့အတင်းပြေးလာတာလဲ?"

အနားရောက်တဲ့အထိ စကားမပြောနိုင်သေး။အသက်ကို ဖြည်းဖြည်းချင်းအရင်ရှူနေရသည်။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now