အပိုင်း (၁၄.၂) Making a wedding dress for others

Mulai dari awal
                                    

ယခုနှစ်တွင် ကျန်းဝူသည် တစ်ခုခုမှားနေပြီဟု ခံစားမိခဲ့သည်။ ထို့ကြောင့် ဆရာသခင်ဝမ်ကို ဖုန်းဆက်ပြီး တစ်စုံတစ်ခု လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။

သို့သော် ဆရာသခင်ဝမ်က ဘိုးဘွားပိုင် သင်္ချိုင်းကို ရွှေ့၍မရဟုသာ ဆက်ပြောခဲ့သည်။ မဟုတ်ရင် သူ၏မိသားစု တစ်ခုလုံး သေကုန်လိမ့်မည်။ သီးသန့်အနေဖြင့်လည်း သူသည် ဘိုးဘွားပိုင် သင်္ချိုင်း၏ ဖုန်းရွှေကို ကြည့်ရှုရန် ဆရာသခင်များစွာကို ဆက်သွယ်ခဲ့သည်။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်မှ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို မမြင်နိုင်ခဲ့။ ဒါကြောင့် သူ့ကို ဘာများ ထပ်ပြီး ကူညီပေးနိုင်လိမ့်မလဲ။

ကျန်းဝူ၏ မျက်နှာသည် ဖြူဖျော့သွားသည် ။ သူသည် သူ၏ နှလုံးသား အောက်‌ခြေမှ ထို အမှန်တရားကို မယုံကြည်ပေမဲ့၊ သူတို့မိသားစု၏ လက်ရှိအခြေအနေနှင့် ဆရာသခင်ဝမ်၏ တုံ့ပြန်မှုက လင်းချင်းယင် ‌မှန်နေသည်ဟု သူ့ကို ပြောနေခဲ့သည်။ သူသည် လှည့်စားခံ ခဲ့ရပြီး၊ သူ၏သားကို သတ်လိုက်မိသည်။

ကျန်းဝူ၏ မျက်လုံးများက ဖုံးလွှမ်းခံသွားရသည် :

"အစကတည်းက ဖုန်းရွှေ ကောင်းတဲ့နေရာကို ရှာဖို့ ကူညီပေးခဲ့တဲ့ ဆရာသခင်ဝမ်က ဘိုးဘွားပိုင် သင်္ချိုင်းကို မရွှေ့နိုင်ဘူးလို့ ပြောခဲ့တယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့မိသားစုတစ်ခုလုံး လက်တုံ့ပြန်ခံရပြီး သူတို့ထဲက တစ်ယောက်မှ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူးတဲ့"

ကျန်းကျန်ကောသည် သူ၏လက်ကို ဆန့်လိုက်ပြီး ကျန်းဝူ၏ မျက်နှာကို ရိုက်လိုက်သည်။ ကျန်းဝူသည် သူ၏မျက်နှာကို ဖုံးကွယ်ရန် မဝံ့ရဲခဲ့ပေ။ သူက လင်းချင်းယင်ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်လိုက်သည် :

"ဆရာသခင်လင်း၊ ‌ကျေးဇူးပြုပြီး ဒီ ဖုန်းရွှေ ဖွဲ့စည်းမှုကို ဖျက်ဖို့ ကူညီပေးပါ"

ဖက်တီးဝမ်က သူ၏လက်ကို ဆန့်တန်းပြီး ကျန်း‌ဝူကို ထရန် ကူညီပေးပြီး ရွှင်လန်းတက်ကြွစွာဖြင့် ပြောလိုက်သည် :

"မင်းမှာ ပြောစရာရှိရင် ပြောလိုက်ပါ။ ဒါမျိုး မလုပ်ပါနဲ့။ အဲ့နေ့က ဆရာသခင်လင်းက အဘိုးအိုအား ဆန္ဒအလျောက် ရပ်တန့်လိုက်တာကြောင့်၊ သူ(မ)က မင်းကို ကူညီမယ်လို့ ဆိုလိုတာပဲ။ ဒါပေမဲ့ အဲဒါနဲ့ ဒီဟာက မတူတဲ့အရာပါ။ ဗေဒင်ဟောဖို့က ယွမ် ၁၀၀၀ ဖြစ်ပြီး၊ အဲဒါကို ကျွန်တော်တို့ ရပြီးသားပါ။ မန္တန်ကို ချိုးဖျက်တဲ့ဈေးက မတူဘူး"

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Tempat cerita menjadi hidup. Temukan sekarang