ယခုနေရာတွင် လုံချန်မှလွဲ၍ ဒဏ်ရာမရသူဟူ၍ တစ်ယောက်မှမရှိချေ။သို့ဖြစ်၍ မေးခွန်းထုတ်စရာသည်
ဒဏ်ရာမည်မျှပြင်းထန်သနည်းဟူသည့် မေးခွန်းတစ်ခုသာရှိလေသည်။

"ညီမလေးရဲ့ လူတွေကို ဒီကိုခေါ်လိုက် အင်မော်တယ်ဂူရှေ့မှာ ကျောက်တုံးတစ်တုံးရှိတယ် အဲ့တာကိုနှိပ်
လိုက်တာနဲ့ ညီမလေး လူတွေကို အချက်ပေးပြီးသားဖြစ်သွားလိမ့်မယ်"

ထိုကျောက်ခလုတ်ကို ဂူ၏ဘေး၌ အသင့်တွေ့ရာ ထန်၀မ်အာက နှိပ်လိုက်သည်။ကျောက်ခလုတ်သည်
တစ်ချက်မျှ လှုပ်သွား၍ နီညိုရောင် တောက်လာသည်။ထိုအလင်းရောင်ပျောက်သွားသည့်အချိန်တွင်
တောင်ခါးရှိ ဂူများမှ လူများ တောင်ပေါ်သို့တက်လာနေသည်ကို လုံချန်တွေ့ရသည်။

ယင်းသည် ဆက်သွယ်ရေးစနစ်တစ်ခုဖြစ်သည်။လုံချန်က ပျင်း၍ အိပ်မရသောညများ၌ ထိုကျောက်ခ
လုတ်ကို မကြာခဏ နှိပ်ကြည့်လျှင် ကောင်းမည်လားဟု တိတ်တဆိတ်တွေးနေမိသည်။လူစုံသည်နှင့်
ထန်၀မ်အာက အကျိုးအကြောင်းရှင်းပြရာ လူတိုင်း ၀မ်းမြောက်ကြလေသည်။လုံချန်ကလည်း ဤကုသ
ရေးခန်းမသည် မည်မျှ အသုံး၀င်သနည်းဟူ၍ စပ်စုနေသည်။

ယင်းသည် လူတစ်ယောက်အား သွေးခုန်နှုန်းတိုင်း၍ ဆေးညွှန်းပေးလေ့ရှိသော အင်ပါရီယာမြို့တော်
ရှိ သမားတော်များနှင့်တော့ မတူတန်ရာ။

"လူတိုင်း တစ်ယောက်ချင်းစီ တန်းစီကြပါ"

ပထမဆုံးအလှည့်ကျသူသည် မျက်နှာခပ်ဖြူဖြူ ဖြစ်နေသည့် အပြင်စည်းတပည့်တစ်ယောက်ဖြစ်သည်။
သူသည် လွန်စွာပြင်းထန်သော အတွင်းဒဏ်ကို ခံစားနေရသူဖြစ်သည်။သူ့အဖို့ ဆေးများ သောက်ထား
သည့်တိုင် ဒဏ်ရာများကို လတ်တလော သက်သာစေရုံသာ တတ်နိုင်ကာ တစ်ဖြည်းဖြည်း ပြန်ကောင်း
ရန် အချိန်လိုအပ်လိမ့်မည်ဖြစ်သည်။

အမျိုးတစ်ယောက်က ထိုသူ၏ ၀မ်းဗိုက်ကို လက်ဖြင့်စမ်းသပ်သည်။စွမ်းအားပြင်းထန်၍ သန့်စင်သော
ချီဓာတ်တမျိုးထွက်လာသည်ကို လုံချန်ခံစားမိသည်။လုံချန် အတော် အံ့သြမိသည်။ထိုသန့်စင်သောချီ
ဓာတ်ကို သူ ရင်းနှီးနေသလို ခံစားနေမိသည်။ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now