ကိုယ့်ကျောင်းသားအတွက်လည်း ပူရသလို ကျန်းမာရေးမကောင်းသည့် အမေကိုလည်း ပူရပြန်သည်။
အိမ်အလုပ်ကို ကိုယ်တိုင် လုပ်ရမှ ကျေနပ်သည့် အမေက ကိုယ့်လက်ကိုယ့်ခြေဖြင့် စိတ်တိုင်းကျ လုပ်ပြီးတိုင်း အပင်ပန်းဒဏ်ကို မခံနိုင်သော ခန္ဓာကိုယ်က အမြဲ ဆန္ဒ ပြနေကျမို့
ဖြစ်လာတိုင်း ညည်းညူနေရတာမို့ လမင်းမှာ စိတ်မချမ်းသာ။
ကိုယ်တိုင်က လိုလေသေးမရှိ လုပ်ထားနှင့်ပါသော်လည်း
ဒေါ်သော်တာချို တို့က စိတ်တိုင်းမကျ။

အခုလည်း မသွားမဖြစ်မို့သာ  သွားရမည် ဖြစ်တာကြောင့် အမြုပ်ထွက်မတက် မှာ နေရတာဖြစ်သည်။ မမှာလို့မရ ကိုယ့်အမေအကြောင်း ကိုယ်သာ အသိဆုံး မဟုတ်လား။

မှာစရာရှိတာကိုမှာပြီး လမင်း ဆိုင်ကယ်ထုတ်ကာ ဆယ်တန်းကျောင်းသားအိမ် ထွက်လာလိုက်သည်။

~~~~

လမင်း အရှေ့စားပွဲ၌ သင်္ချာထိုင်တွက်နေသော သီဟ အား
ကြည့်နေတာ ကြာပြီ ။ ဒီကလေး စာ တွက်သည့် အထဲမှာ ဘာတွေများ သဘောကျစရာ ပါလို့ မျက်နှာက ပြုံးစိစိ ဖြစ်နေရတာလဲ။  ရောက်ကတည်းက ကြည့်နေတာ ပုံမှန်လို မဟုတ်တာမို့ လမင်းမှာ ပူရပြန်သည်။ စာမေးပွဲ ရက်နီးခါမှ ဘာတွေ ထဖောက်နေပြန်တာလဲ မသိ။

"သီဟ ! အကို မင်းကိုကြည့်နေတာ ကြာပြီနော် ဘာတွေ စဉ်းစားပြီး ပြုံးနေတာလဲ"

" အဟွန်း ..ဒီအတိုင်းပါဗျာ"

"ဘာကို ဒီအတိုင်းလဲ သီဟ! စာမေးပွဲက သဘက်ခါဆို ဖြေပြီ
   အကို့ကို မင်း ရင်တုန်အောင်မလုပ်စမ်းနဲ့နော် "

" မလုပ်ပါဘူးဗျာ အကိုလမင်းကလဲ ..ဘာလဲ ကျွန်တော့်ကို
    စိုးရိမ်လို့လား "

ပြုံးထေ့ထေ့ မျက်နှာပေးနှင့် မျက်ခုံးတို့ကို ပင့်ကာ မေးလာသော ထိုကလေး၏ အပြုအမူကို လမင်း သဘောမတွေ့သော်လည်း လောလောဆယ်မှာ
စာမေးပွဲ ရှိတာမို့ ဒီကလေးကို ဆူတာမျိုး မလုပ်ချင်ပါ။

"သီဟ ...အောင်မှဖြစ်မယ်နော် ...ဒီရက်ပိုင်းလေးပဲ အပင်ပန်းခံလိုက်နော် "

ချစ်ချင်လို့ ချစ်တာ ( Complete)Donde viven las historias. Descúbrelo ahora