"ဘာကြောင့်များ အသေးကောင်လေး လို့
ခေါ်ရတာတုန်း မြို့အုပ်မင်း ရဲ့...
အဲ့တာလေးတော့ ကျွန်တော်မျိုးကို
ပြောပြပါအုန်း"

Pat(ပတ်ပ်)ရဲ့ အမေးကြောင့်
နဂိုထပ်ကို ပိုခုန်လာတဲ့ နှလုံးခုန်သံတွေကြောင့် သေ သွားမှာတောင် ဆိုးရပါတယ်
ဒီနှလုံးသားရဲ့ ဝေဒနာ ကို အသေးကောင်လေး ကုသမှပဲပျောက်တော့မယ်ထင်ပါရဲ့ဗျာ၊ ခင်ဗျားလေးသိပ်ဆိုးတာပဲ ကျုပ်ကိုရင်ခုန်အောင်အဝေးကြီးကနေ....
လာလုပ်သွားတယ်။

"အင်း...ဒီအတိုင်းချစ်စရာကောင်းလို့"

အဲ့တော့မှ ခေါင်းလေးတညိမ့်ညိမ့် နဲ့
Pat(ပတ်ပ်)နားလည်စ ပြုလာတော့သည်။

"ဒါနဲ့..နေပါအုန်း
အဲ့ဒါကြီးကတော့ မမြန်လွန်းဘူးလား...​..မြို့အုပ်မင်းရဲ့"

Pat(ပတ်ပ်)ရဲ့အမေးကြောင့်
မြို့အုပ်မင်း က ရေနွေးကြမ်းသောက်နေရာမှ
နှုတ်ခမ်းလေးတို့ ကွေးညွတ်လာပြန်တော့သည်။

"ကျုပ်က မြန်ခိုင်းတာမှ မဟုတ်တာပဲ......Pat(ပတ်ပ်)ရယ်"

"အိုဗျာ......ကျွန်တော် ကတော့လေ
အဲ့ကောင်လေးနဲ့ဆိုရင် ကျွန်တော်တို့ရဲ့
မြို့အုပ်မင်း ကို အရမ်းနှမြောတာပဲဗျာ"

ရေနွေးကြမ်းကို ခပ်ကြမ်းကြမ်းမော့လို့
ပြောချလာတဲ့ Pat(ပတ်ပ်)တစ်ယောက်
ကြောင့် ရယ်ခဲ့ရပြန်သည်။

မထင်မှတ်ပဲရောက်ရှိလာတဲ့ မြို့အုပ်မင်း ရဲ့
ဆောင်းရာသီလက်ဆောင်လေး
ကြောင့်ထင်ပါရဲ့ဗျာ....ဒီတစ်နေ့လုံး
အပြုံးပန်းတွေဝေနေမိတာ။

"Pat(ပတ်ပ်)ရယ်....အသေးကောင် လေးက
ထင်သလောက်လဲ မဆိုးပါဘူးဗျာ....
တော်တော်...ဒီနေ့ ဒီချိန် ဒီအ​ကြောင်း
ဆက်ပြောနေရင် ခင်ဗျားနဲ့ကျုပ်
စကားများရတော့မယ်ထင်တယ်......
ကျုပ်ကိုသာ ထပ်ရောက်လာတဲ့ အစီရင်ခံစာ
တွေသာ ပြတော့....ဟုတ်ပြီလား"

စားပွဲပေါ်ရောက်ချလာတဲ့ စာအုပ်ကိုသာ
တစိမ့်စိမ့် ထိုင်ကြည့်နေလိုက်မိသည်။
စာတွေအစား Khaotung ဆိုတဲ့
အသေးကောင်လေးရဲ့ မျက်နှာကို
မြင်နေရတဲ့အကြောင်း.......
Pat(ပတ်)ကို ပြောပြလိုက်ပြန်ရင်လဲ
ထပ်ပြီး ကျုပ်ရဲ့ အသေးကောင်လေးကို
သာ ထပ်ပြီး အမြင်မကြည်တဲ့...
အကြောင်းပဲ ပြောနေအုန်းမှာမို့......

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now