🍁//Chapter-2//🍁

653 36 11
                                    

Unicode🍊

"မဟုတ်တာ အဒေါ်ရယ်....... ကိုယ့်မြို့က
မြို့သားတွေ အဆင်ပြေတယ်
ကြားရတာနဲ့တင်ကို ကျွန်တော်စိတ်ချမ်းသာ
လှပါပြီဗျာ"

ဘာပဲ ဖြစ်ဖြစ်လေ ၊ သူ့ဘာ့သာ ဘယ်လောက်ပဲ
ကြည့်ကောင်းနေပါစေ....
မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူးလို
ပဲနေမှာ တကယ်ထဲ မထင်ရက်စရာပါကွာ။

" ဒီမှာ ဒီမှာ"

လှည့်ထွက် သွားဖို့ လုပ်နေတဲ့သူ့ကို လှမ်းခေါ်တဲ့ ယောက်ျားလေးကြောင့် သူ့ခြေလှမ်း
တွေရပ်တန့်ရပြန်သည်။
သူများခေါ်လို့ သွားနေရာမှ ချက်ချင်း
ရပ်တန့်ဖူးတာဟာ......
ဒါသူ့ဘဝရဲ့ ပထမဆုံးအကြိမ်။

"ေပြာပါ...ကောင်ငယ်လေး...ကျွန်တော်
ဘာများကူညီပေးရအုန်းမလဲ''

ခပ်သဲ့သဲ့လေးပြုံးကာ သူကမေးတော့
Khaotung ဆိုတဲ့ သူ့ရဲ့ မပြောင်းလဲ
တဲ့ပုံစံ အတိုင်း မျက်မှောင်ကြီး
ကျုံ့လျက်.............

"ဒီမှာKhunခင်ဗျ
အရင်ဦးဆုံး.......အဲ့ဒီ့ ကောင်ငယ်လေး
ဆိုတဲ့ အသုံးအနှုန်းလေးကိုပြင်ပါ....
ခင်ဗျားထပ် ကျုပ်က အရမ်းကြီးမငယ်နိုင်
တာမလို့ပါ။

Khaotung ရဲ့ ရန်တွေ့စကားကြောင့်
မြို့အုပ်မင်းနောက်က အဖော်ပါလာတဲ့
ေကာင်လေးဟာ ခေါင်းကုတ်ပြီး....
Khaotung ကို ထွက်သွားဖို့ရာ
ခြေဟန်လက်ဟန်ဖြင့်ပြောပြနေသည်။

Khaotung မြင်ခဲ့ပေမဲ့ ဘယ်အရာကိုမှ
ဂရုမစိုက်တတ်တာဟာ သူ့ရဲ့ အကျင့်
တစ်ခုလိုဖြစ်နေသည့်
အလား သတိပေးနေသည့် ကောင်လေး
ကိုလည်းဂရုမစိုက်။

''ဆိုတော့ကား...ဒီကခင်ဗျားလေး ရဲ့
နာမည်ကိုမှ ကျွန်တော်ကမသိပဲ"

အကျိုးအကြောင်း စီလျော်လှတဲ့ မြို့အုပ်မင်း
ရဲ့အဖြေဟာ...
သူ့အတွက်တော့...စိတ်ဆိုးစရာ၊စိတ်ဘဝင်
မကျစရာ အကြောင်းအရင်း အလိုလို
ဖြစ်လာခဲ့သည်။

"ဒီမှာKhunခင်ဗျ.....
နာမည်ပေးသိရအောင်လည်း ကျွန်တော်နဲ့
ခင်ဗျားက မိတ်ဆွေခင်ပွန်းတွေလည်းမဟုတ်ပါဘူး၊
ကျွန်တော်ပြောမယ်...ဒီလို ေဈးကြီးတဲ့ အဝတ်အစားတွေ ကို တစ်ဝက်ဈေးနဲ့တောင်
မဟုတ်ပဲ...
အများကြီး ဈေးလျှော့ပြီး ရောင်းခိုင်းမှတော့
ဈေးသည်တွေ အကုန်လုံး အရင်းပြုတ်
ကုန်တော့မှာပေါ့.....
မြို့အုပ်မင်းဖြစ်ပြီး...ခင်ဗျားဒါလေးတောင်
မတွေးတတ်ဘူးလား..တကယ်ပဲ"

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now