အဲလ်ဂျာက သူ့ခေါင်းဆောင်၏လက်ထဲမှာ ဖျက်ဆီးခံလိုက်ရတဲ့ပန်းပွင့်လေးကို ကြည့်ပြီး ဒီခရီးစဉ်၏ရည်ရွယ်ချက်ကို နားမလည်နိုင်ဘူး။

"အဖြူရောင် ဘာရှိသေးလဲ?"အဲလ်ဗတ်က သူ့ဘေးက လက်ထောက်ကို ထပ်မေးလိုက်တယ်။

အဲလ်ဂျာက အဖြူရောင်ပန်းပွင့်တွေကို ကိုယ်ချင်းစာစွာကြည့်လိုက်ပေမဲ့ သူတို့ကို ဆက်၍ညွှန်ပြလိုက်တယ်။

ချိုးယူတဲ့လုပ်ရပ်ကို အကြိမ်များစွာ ထပ်ခါထပ်ခါလုပ်ခဲ့တယ်။အဲလ်ဗတ်က သူ့ခွန်အားကို ထိန်းချုပ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ဒီပန်းပွင့်တွေက သူ့အတွက်တော့ နုနယ်လွန်းတယ်။သူက ပေါ့ပါးစွာကိုင်ထားရင်တောင် သူ့လက်တွေက ၎င်းတို့ကိုဖျက်ဆီးပစ်လိမ့်မည်။

အဖြူရောင်ပန်းပွင့်တွေအားလုံးနီးပါး ဖျက်ဆီးခံရပြီးနောက်မှာ အဲလ်ဗတ်က နောက်ဆုံးမှာတော့ သေးငယ်ပြီးသန့်စင်တဲ့အဖြူရောင်ပန်းပွင့်လေးကို သူ့လက်ချောင်းတွေနှင့် ကိုင်ဆောင်နိုင်ခဲ့တယ်။

"ပြန်စို့"အဲလ်ဗတ်က ပန်းပွင့်လေးကို ကိုင်ပြီး ဒီနေရာက ထွက်ခွာခဲ့တယ်။

အဲလ်ဗတ် တူဆာကို ပြန်ရောက်တဲ့အချိန်မှာတော့ ကုဟိုင်က တစ်ရေးအိပ်နေချိန်ဖြစ်တယ်။အဲလ်ဗတ်က တခြားဂြိုဟ်ကပြန်ရောက်တာနှင့် လူငယ်လေး၏အခန်းထဲကို ပန်းပွင့်လေးနှင့်အတူ ဝင်လာခဲ့တယ်။ကုဟိုင် အိပ်ပျော်နေတာကြောင့် သူက ပန်းပွင့်လေးကိုကိုင်ပြီး တိတ်ဆိတ်စွာ အိပ်ရာဘေးမှာစောင့်နေတယ်။

ကုဟိုင်က တစ်နာကျော်ကျော်လောက် တစ်ရေးအိပ်ပြီး နိုးလာတော့ သူ့မျက်လုံးတွေကို ပွတ်ပြီး မျက်လုံးဖွင့်လိုက်တာနှင့် တစ်ပြိုင်နက် သူက ငွေခိုးရောင်အမြီးကို မြင်လိုက်ရတယ်။ကုဟိုင်က ခဏလောက် အေးခဲသွားတယ်။နောက်တော့ သူ မော့ကြည့်လိုက်တဲ့အခါ သူ့အိပ်ရာဘေးမှာ တိတ်ဆိတ်စွာမတ်တပ်ရပ်နေတဲ့ငွေရောင်ဆံပင်နှင့်ဇာ့ဂ်ကို မြင်လိုက်ရတယ်။တစ်ဖက်လူက သန့်စင်တဲ့အဖြူရောင်ပန်းပွင့်လေးတစ်ပွင့်ကို ကိုင်ထားတယ်။ကုဟိုင်ရဲ့မျက်လုံးတွေက ပန်းပွင့်လေးရှိရောက်သွားတော့ တစ်ဖက်လူက သူ့ကိုကမ်းပေးလာတယ်။

Zergဘုရင်လေးWhere stories live. Discover now