ရိပေါ်မှာ သက်ပြင်းချလိုက်မိသည်။ အရေးထဲမှ စာအုပ်ကြီးသမားနဲ့လာတွေ့နေသည်။ Dr. Ben ကတော့ ဘယ်လိုဖြေရှင်းမည်မသိ။ ရိပေါ် အချုပ်ခန်းတွေနား လျှောက်လာရင်း ရှောင်းကျန့်ကို ရှာနေမိသည်။ အချုပ်ခန်းထဲက အချုပ်သားတစ်ချို့က သူ့ကို စူးစမ်းသလိုကြည့်နေကြသည်။

သူကလည်း လူရှာနေတာကြောင့် တစ်ယောက်ချင်းစီကို သေချာကြည့်နေမိတော့ တစ်ချို့က သူ့ကို မိုက်ကြည့် ပြန်ကြည့်နေကြသည်။ တစ်နေရာရောက်တော့ ထွက်ပြေးဖို့ကြံလို့ သူဆွဲတားထားသည့် ကျောင်းသားကို မြင်လိုက်တာကြောင့် ရိပေါ်က ထိုအခန်းနားသို့ အမြန်လျှောက်သွားလိုက်သည်။

ထိုကောင်လေးက တစ်ခုခုပြောနေတာ မြင်လိုက်ရပြီး ရှောင်းကျန့်က သူရှိရာဖက်သို့ ခေါင်းလှည့်လာသည်။

"ကျန့်ကျန့်"

အချုပ်ခန်းသံတိုင်တွေနား သူရပ်လိုက်သည်။ ရှောင်းကျန့်က အခန်းထောင့်မှာ ထိုင်နေရာက သူရှိရာကို အေးအေးဆေးဆေးပဲ ထ လျှောက်လာသည်။

"ဦးငယ် ဘာလာလုပ်တာလဲ"

ရိပေါ်မှာ ထင်မှတ်မထားသောစကားကြောင့် မယုံနိုင်အောင်ဖြစ်သွားသည်။ ကျန့်ကျန့်က အများကြီးပြောင်းလဲသွားခဲ့လေပြီ။ ရဲတပ်ကြပ်အပြောအရ မကြာခဏရောက်ဖူးနေတာကြောင့် စိုးထိတ်မနေလောက်ဘူးလို့ ထင်ပေမယ့် အခုလိုမျိုး အေးစက်မာကြောနေလိမ့်မည်ဟုတော့ သူ မထင်ခဲ့မိပေ။

"ဒီထဲမှာ ညမအိပ်ရဖို့ ဦးငယ်တို့ ကြိုးစားနေပါတယ်။"

ရှောင်းကျန့်က ပြုံးသည်မမည်သော နှုတ်ခမ်းတစ်ဖက်ထောင့်စွန်းကို တွန့်လိုက်သည်။

"မလိုပါဘူး ဦးငယ်။ ဒီညမထွက်ရလည်း နောက်နေ့ထွက်ရမှာပေါ့။ သူတို့တွေ ကျွန်တော်တို့ကို တသက်လုံးချုပ်မထားနိုင်ပါဘူး"

ရှောင်းကျန့်စကားကို တစ်ခြားကျောင်းသားတွေက ခွီးခနဲရယ်ပြီးထောက်ခံနေကြသည်။ ရိပေါ်မျက်နှာတည်နေတာကြောင့် ရှောင်းကျန့်နဲ့တစ်ဖွဲ့တည်းဖြစ်တဲ့ Fredy, Will, Victor နဲ့ Hilton တို့က မျက်နှာပိုးသပ်လိုက်ကြသည်။

Liquor (ချစ်ဆိပ်ရည်)Where stories live. Discover now