" ရွှေဘုံသာနန်းတော်မှာ စံမြန်းလာခဲ့ရတဲ့ တစ်ပင်တိုင်မင်းသမီးကြီးအတွက်တော့ ဟောဒီကကောက်ရိုးခင်းထားတဲ့ နေရာက အတော်လေးကိုမှ အောက်တန်းကျလှတဲ့ စက်တော်ခေါ်ရာနေရာပဲ ဖြစ်နေမလား .. ဟက် ... သင်ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေက ကျုပ်တို့ရဲ့ အရှင်မ ခံစားခဲ့ရတဲ့ ဒုက္ခနဲ့ဝေဒနာတွေကို ယှဉ်နိုင်မှာ မဟုတ်ပေဘူး ပဒုမ္မာဒေဝီရဲ့ "

ရိသဲ့သဲ့လေသံဖြင့် အနာကိုတုတ်ဖြင့်လာထိုးဆွနေသူကို သူမ တိုးဖွဖွလေသံလေးဖြင့် တောင်းဆိုလိုက်မိသည့် စကားက ... ။

" သတ်ပေးပါ .. "

" ဘာ .. "

လက်ပိုက်ရပ်ကြည့်နေတဲ့ နန်းလွန်းအိန် ဟာသူမရဲ့ရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီးထိုင်ချလိုက်ရင်း

" ဘာပြောလိုက်တယ် ? "

" အကျွန်ုပ်ရဲ့အသက်ကို ယခုပင် ဇီဝိန်ချုပ်ငြိမ်းသွားအောင် လုပ်ဆောင်ပေးပါ ... "

မြင်းစောင်းအပြင်ဘက်မှာကျဆင်းနေတဲ့ မြူနှင်းတွေကို ငေးကြည့်နေရင်း တကယ့်ကိုတိုးဖျော့ဖျော့လေသံလေးဖြင့် သူမထပ်မံတောင်းဆိုလိုက်မိသည်။

" ဟားဟား .. "

နန်းလွန်းအိန်က လှောင်ပြောင်သလို ရယ်မောလိုက်ပြီးမှ

" အစကတော့ အရှင်မ မရှိတဲ့အချိန်မှာ သင့်ကိုကျုပ်လက်နဲ့ သတ်မလို့စိတ်ကူးထားတာပဲ။ သို့ပေမဲ့ သင်ယခုလို တကူးတကတောင်းဆိုလာပြန်တော့လည်း မသတ်ချင်တော့ဘူး။ သင့်ကို ရှင်လျက်နဲ့ ငရဲကျသလိုခံစားရစေအောင်ပဲ ကျုပ်ဖန်တီးပေးတော့မယ် "

နန်းလွန်းအိန်သည် သူမရဲ့လက်ကောက်ဝတ်မှာချည်နှောင်ထားတဲ့ ကြိုးတွေကို ဖြည်လိုက်ပြီး လည်ပင်းမှာစွပ်ထားတဲ့ ကြိုးကွင်းကိုလည်း ဆွဲဖြုတ်လိုက်၏။ အစာနှင့်ရေ ပြတ်လပ်နေခဲ့တာ ၃ ရက်နီးပါးခန့်ရှိပြီမို့ အားအင်ချိနဲ့နေတဲ့ သူမကို နန်းလွန်းအိန် ဟာမြင်းစောင်ထဲမှ အတင်းဆွဲခေါ်ထုတ်လာခဲ့သည်။ သူမခမျာ ဒူးတစ်ဖက်မှာဒဏ်ရာရရှိထာပြီး အားအင်ကုန်ခမ်းနေတာမို့ နန်းလွန်အိန် ဆွဲခေါ်ရာကို ခြေတစ်ဖက် ဒရွတ်တိုက်ဆွဲသည့်ပုံစံမျိုးဖြင့် ပါလာခဲ့လေသည်။

နှောင်ကြိုး ၊ နှောင်ကြိုးWhere stories live. Discover now