Part 2

875 91 4
                                    

ခေါင်းထဲက တဆစ်ဆစ်ထိုးကိုက်လာမှုကြောင့် ညက များသွားခဲ့ပြီဆိုတာကို ဦးနှောက်က ချက်ချင်းအသိပေး၏။ထို့နောက် တဖြည်းဖြည်း ပြန်အမှတ်ရလာတာက ကိုကို သူ့ကို လမ်းခွဲစကားများပြောခဲ့ခြင်း..။

Jungkook အိပ်ယာပေါ်ကနေ ကမမ်းကတန်းထပြီးနောက် ခြေလှမ်းများ၏ဦးတည်ရာက Seokjin တို့အိမ်ရှေ့ဆီသို့။အိမ်ရှေ့ရောက်တော့ ခြံတံခါးက သော့ခတ်ထားသဖြင့် သားမိနှစ်ယောက် ဈေးသွားကြတာလားလို့ ထင်လိုက်သည်။ရပ်စောင့်နေရင်းနဲ့ မနေ့က ကိုကို့ဘေးနားက ကောင်က ဘယ်ကရောက်လာတာလဲ ကိုကိုနဲ့ဘယ်လိုပတ်သတ်နေလဲဆိုတာကို စဉ်းစားနေရင်း အမှန်တရားကိုသိချင်စိတ်က ရင်ထဲတွင် ပြင်းပြင်းပြပြ။

ကိုကိုနဲ့သူနဲ့ သိကျွမ်းခဲ့တဲ့ 8နှစ်တာကာလလုံးမှာ ချစ်သူဖြစ်ခဲ့တဲ့ 5နှစ်လုံးလုံးက ကိုကို့အကြောင်းကို မျက်တောင် ဘယ်နှစ်ကြိမ် ခတ်တာလေးကအစ နောကျေပြီးသားမလို့ ကိုကို မနေ့က ပြောတဲ့စကားတွေက အမှန်မဟုတ်မှန်း သူယုံကြည်ပါသည်။သို့သော် မျက်ဝါးထင်ထင် မြင်တွေ့ကြုံတွေ့ခဲ့သည့် ပုံရိပ်များက မယုံသေးတာလားလို့  လှောင်ရယ်ပြတော့ သွေးပျက်ရပြန်၏။

"‌ဂျောင်ဂုရှီးး ဒီရှေ့မှာ ဘာရပ်လုပ်နေတာလဲ"

အသံကြောင့်လှည့်ကြည့်မိတော့ ကိုကိုတို့အိမ်ခေါင်းရင်းက ဦးလေးလူပျိုကြီး။တနည်းအားဖြင့်ပြောရရင်တော့ ကိုကိုနဲ့သူရဲ့ မြှားနတ်မောင်။ဦးလေးကြီး၏ အကူအညီများစွာနဲ့ ကိုကို့ဆီက အဖြေကို သူပြန်ရခဲ့ခြင်းဖြစ်သည်။

"ကိုကို့ကို လာချော့တာ ဦးလေးကြီးရေ..ဦးလေးကြီးရဲ့ မွေးစားသားက အခုတလော ဘာတွေဖြစ်နေမှန်းမသိပါဘူးဗျာ"

ရယ်သွေးသွမ်းပြီး ပြောလိုက်ရသော စကားတွေက နှလုံးသားအက်ရာထဲက‌နေ ဟန်မူလေးများဖုံးကာ၍ ထွက်လာသည့် စကားလုံးများ...။

"ဘာဖြစ်နေမှန်းမသိတာကမှ မင်း ဖြစ်မယ်ထင်တယ်..ဆော့လေးမှ ဒီမှာမရှိတော့တာကို မင်းဘာတွေလျှောက်ပြော"

"ဘာ..ကိုကိုက ဒီမှာမရှိတော့ဘူး ဟုတ်လား..မရှိရအောင် ဘယ်သွားလို့လဲ"

Ex Became My Hubby { Completed }Where stories live. Discover now