"ငါ့ပုံစံက စိတ်ညစ်စရာကိစ္စရှိတာနဲ့ လမ်းခွဲမယ်စိတ်ကူးတဲ့ ပေါ့ပျက်ပျက်ချာတိတ်တွေနဲ့ တူနေလို့လား"

"မဟုတ်ပါဘူး ကိုကိုရာ..လမ်းခွဲကြတဲ့ အဓိကပြဿနာကိုပြောပြမှ မောင်ရှင်းပြပေးလို့ ရမှာပေါ့..အကြောင်းအရင်းက ဘာလဲ ကိုကို"

"ဒီတိုင်းပဲ ငါတို့ရှေ့ဆက်လို့ အဆင်မပြေနိုင်တော့လို့"

"ဟာ ကိုကိုရာ အကြောင်းအရင်းသေချာမရှိပဲ မောင်က ဘာလို့ ကိုကို့ကို လမ်းခွဲပေးရမှာလဲ အဓိပ္ပာယ်မရှိတာတွေ"

"မင်း လမ်းမခွဲပေးနိုင်လည်း ငါကပြတ်မှာပဲ..မင်းဆီက လမ်းခွဲခွင့်ကို လာတောင်းတာလည်းမဟုတ်ဘူး..အသိလာပေးတာ ဒါပဲ ငါပြန်ပြီ"

ဆိုင်ထဲကနေ ထထွက်တော့မည်ဟန်ပြင်နေသောသူကို Jungkook ချက်ချင်းပင် လက်လှမ်းဆွဲထားလိုက်သည်။မနက်ခင်းစောစောမလို့ တော့ပိုကီဆိုင်ထဲတွင် ဧည့်သည်သိပ်မရှိ‌ပေမယ့် ရှိသည့်တချို့က ကွက်ကြည့်ကွက်ကြည့်လုပ်နေသော်လည်း Jungkook ဂရုမစိုက်နိုင်အားပါ။သူအခု တကယ် ကမ္ဘာပျက်နေသလိုပင် ခံစားနေရသည်မို့ ကိုကိုကလွဲရင် ဘာကိုမှ ခေါင်းထဲမရှိတော့။

"အဲ့လိုကြီးတော့ မလုပ်ပါနဲ့ ကိုကိုရာ..ဘာကိစ္စမှန်းမသိပေမယ့်, ကိုကို ဘာတွေမကျေနပ်နေလည်းမသိပေမယ့် မောင်တောင်းပန်ပါတယ်..မောင့်ကို အခုလိုမျိုးကြီး မဆက်ဆံပါနဲ့"

"ငါ့လက်ကို လွှတ်, သူများတွေကြည့်နေကြပြီ မင်းမှာ အရှက်မရှိဘူးလား"

"ကိုကို ဘယ်တုန်းက ပတ်၀န်းကျင်ကို ဂရုစိုက်တတ်သွားရတာလဲ!!! "

Jungkook စိတ်ပေါက်ပေါက်နှင့် အော်မိလိုက်သည်။ဒီမှာ ကမ္ဘာပျက်မတတ်ဖြစ်နေသူကိုကျ နည်းနည်းတောင် မစာနာပဲ စောက်ရေးမပါတဲ့ ပတ်၀န်းကျင်ကိုကျ ဘောင်သွင်းနေသည်။နဂိုကဆို ကိုကိုဆိုတဲ့ လူက ပတ်၀န်းကျင်ကို ဘောင်မ၀င်တဲ့အရာလို သတ်မှတ်ထားနေကြ။အခုမှ ဘာဖြစ်တာလဲ။ဟားးကိုကိုက သူ့ကိုရူးချင်အောင်လုပ်‌နေတာပဲ....။

"မင်းကို ငါငြီးငွေ့နေလို့ , မင်းကို ငါစိတ်ကုန်နေလို့ , မင်းအချစ်တွေနဲ့နေထိုင်ရတာ မွန်းကြပ်လာလို့ , ငါးနှစ်လုံးလုံး မင်းနဲ့ နေလာရတာ လုံလောက်သွားပြီမလို့ အခုမပျော်နိုင်တော့လို့ မင်းနဲ့လမ်းခွဲဖို့ပြောတာလေ..ဒါကို မင်း အခုထိ နားမလည်နိုင်သေးဘူးလား"

Ex Became My Hubby { Completed }Where stories live. Discover now