တော်ဝင်စာဖိုမှူးက ဝူရုန်ကို ခိုးကြည့်လိုက်ပြီး အိမ်ရှေ့စံမိဖုရားလောင်း၏အလှမှာ ငေးမောသွားတယ်။အိမ်ရှေ့စံမင်းသားက သူ့အတွက် အရာရာတိုင်းကို လုပ်ပေးတာ အံ့သြစရာမဟုတ်တော့ဘူး။တကယ်လို့ သူ့မှာ ဒီလိုလှပတဲ့ဇနီးရှိရင် သူက သူမအတွက် ဒူးညွှတ်ပါစေ ချက်ပြုတ်ပေးမှာဖြစ်တယ်။

"ကျွန်တော်က နည်းနည်းလေးတောင် မလှုပ်ချင်ဘူး။ကျွန်တော့်ကို ခွံ့ကျွေး"ဝူရုန်က သူ့လက်ကို ချထားလိုက်ပြီး ပြောလိုက်တယ်။

"ကောင်းပြီ"ဟေးရွမ်ရီက ဆန်ပြုန်တစ်ဇွန်းကို ခပ်ယူလိုက်ပြီး လေမှုတ်အအေးခံလိုက်ပြီး ဝူရုန်ရဲ့ပါးစပ်ထဲကို ခွံ့ကျွေးလိုက်တယ်။

ဝူရုန်က ပါးစပ်ဟလိုက်ပြီး စားလိုက်တယ်။

"အရသာဘယ်လိုနေလဲ"ဟေးရွမ်ရီက သူ့ကိုကြည့်ပြီးတော့ အဖြေကိုမျှော်လင့်နေတယ်။

"မဆိုးပါဘူး"ဝူရုန်က ပြောလိုက်တယ်။

ဆန်ပြုတ်က ငန်နေပြီးတော့ မီးတူးနေပေမဲ့လည်းပေါ့...

ဟေးရွမ်ရီက စိတ်သက်သာရာရသွားပြီး နောက်ထပ်ဆန်ပြုန်ကို ခပ်ယူလိုက်တယ်။

ဝူရုန်က ပေါက်စီကို မေးစေ့နဲ့ ညွှန်ပြလိုက်ပြီး"ကျွန်တော်က အဲဒီပေါက်စီစားချင်တယ်"

ဟေးရွမ်ရီက ပုံပျက်နေတဲ့ ပေါက်စီတစ်ခုကို ယူလိုက်ပြီး သူ့ကိုကျွေးလိုက်တယ်။

ဝူရုန်က တစ်ကိုက်ကိုက်လိုက်ပြီး သူ့ပါးစပ်ထဲမှာ ဝါးလိုက်တယ်။ရုတ်တရက် သူက ဝါးနေတာ ရပ်သွားတယ်။

"ဘယ်လိုနေလဲ?မကောင်းဘူးလား?"ဟေးရွမ်ရီက စိတ်ရှုပ်သွားတယ်။

"မဟုတ်ဘူး။ကျွန်တော် လျှာကိုကိုက်မိသွားလို့"ဝူရုန်က အစားအစာကို မျိုချလိုက်တယ်။

"ပါးစပ်ဟလိုက်။ကိုယ်ကို့ကြည့်ခွင့်ပေး"ဟေးရွမ်ရီက ပြောလိုက်တယ်။

"......."စာဖိုမှူး

အိမ်ရှေ့စံက သူ့လက်တွဲဖော်ကို အရမ်းကိုကောင်းကောင်းဆက်ဆံတာဘဲ။သူက လျှာကိုက်မိတာတောင် အရေးတယူလုပ်တယ်။

COTAW(2)Where stories live. Discover now