''စားလို့ကောင်းလား''

''ကောင်းတာပေါ့ နင်လည်းယူလေ''

''မယူတော့ဘူး''

ဒီအတိုင်းပြောပြီး ရေခဲမုန့်စားနေတဲ့ ကြွေကို နံဘေးကနေ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေလိုက်သည်။

ရာဇဝင်တွေထဲက ဥမ္မာဒ္တီ လှတယ်ဆိုတာ ဘာလဲ..ကြွေရုပ်လွှာ လှတာကမှ တကယ့်ကို အလှစစ်။ ဥမ္မာဒ္တီ ရှုံးလောက်တဲ့ အလှမျိုး...။

ရေခဲမုန့်စားလိုက် နာရီကြည့်လိုက်နဲ့ သူတို့နှစ်ယောက် အပြင်မှာ တစ်နာရီနီးပါး အချိန်ဖြုန်းခဲ့ကြသည်။ ၁နာရီ မပြည့်ခင် ၅မိနစ်လောက်အကွာမှာ စံအိမ်ကြီးရှေ့သို့ သူတို့နှစ်ယောက် ပြန်ရောက်ခဲ့ကြသည်။

ကံဆိုးတာက စံအိမ်ကြီးထဲ ဦးဓနမော်ကွန်းက တပည့်တပန်းတွေ အများကြီးနဲ့ ကြိုရောက်နေတာပင်။

အိမ်ထဲဝင်လိုက်တာနဲ့ ဒေါသထွက်နေတဲ့ ဦးဓနရဲ့ အကြည့်ချင်း ဆုံလိုက်တာကြောင့် ကြွေရုပ်လွှာ ဘယ်ကို ပြေးပုန်းလို့ ပုန်းရမှန်း မသိဖြစ်သွားရသည်။

ကြွေရုပ်လွှာ ဒီအိမ်ကို ရောက်လာတဲ့ ရက်ကစပြီး ဒီနေ့ဒီချိန်ထိ ဦးဓနမော်ကွန်း ဒီလောက်ထိ ဒေါသထွက်နေတာမျိုး သိပ်မတွေ့ရခဲ့ဖူးခဲ့ပါ။ အခုတော့ နဂိုကမှ ကြောက်လို့တုန်နေပါတယ်ဆိုမှ အဲဒီလူရဲ့ ဒေါသထွက်ပြီး တင်းမာနေတဲ့ အကြည့်တွေနဲ့ ဆုံလိုက်ရတဲ့အချိန် ကြွေတယောက် အရမ်းကို တုန်လှုပ်သွားရသည်။

အနောက်က ပါလာတဲ့ စည်သူကလည်း ကြွေနံဘေးမှာ မတုန်လှုပ် ရပ်နေကြသည်။

''လာစမ်းပါဦး''

လေသံအေးအေးလေးနဲ့ ခေါ်လိုက်ပေမဲ့ အဲဒီအသံတွေထဲမှာ ဘယ်လောက်ထိ ဒေါသတွေ ကိန်းအောင်းနေလိုက်မလဲဆိုတာ တွေးမိသည်။

ကြွေရုပ်လွှာ ကုတ်ကုတ်လေး အိမ်ထဲ ဝင်လိုက်ပြီး ဦးအနား သွားရပ်လိုက်သည်။

''အိမ်ဖော်တွေ အကုန်လုံးကို မောင်းထုတ်ပြီး အပြင်ထွက်လည်ချင်ရလောက်တဲ့ ကြွေရုပ် မင်းက ဘာကိုလိုချင်နေတာလဲ..''

'' မင်းနဲ့စည်သူနှစ်ယောက်တည်း ခိုးထွက်ရတဲ့အထိ မင်းက ဘာတွေလုပ်ချင်နေတာလဲ''

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼Where stories live. Discover now